EPL: မန်စီးတီးနှင့် အဲဗာတန် ကစားသမား အလဲအလှယ် လုပ်ဖွယ်ရှိ

အဲဗာတန် နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီးက ခေါ်ယူချင်နေတာပါ။

play

 

မန်စီးတီးအသင်းက ခေါ်ယူချင်နေတဲ့ နောက်ခံကစားသမား ဂျွန်စတုန်းကို အဲဗာတန်အသင်းဘက်က မန်စီးတီးတိုက်စစ်မှူး ဘိုနီနဲ့ အလဲအလှယ်လုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပေါင်သန်း ၅၀ ဝန်းကျင်တန်ကြေးရှိတဲ့ ဂျွန်စတုန်းအတွက် မန်စီးတီးအသင်းဘက်က ငွေကြေးအပြင် တိုက်စစ်မှူး ဘိုနီကိုပါ သင့်တော်တဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ကမ်းလှမ်းစေဖို့အတွက် အဲဗာတန်ဘက်က အလိုရှိနေတာ ဖြစ်ပါတယ်။

play

 

တိုက်စစ်မှူး ဘိုနီကိုသာ မန်စီးတီးအသင်းက ပေါင် ၁၅ သန်းနဲ့ ရောင်းချမယ်ဆိုရင် ဂျွန်စတုန်းကိုလည်း ပေါင် သန်း ၅၀ နဲ့ ပြန်လည်ရောင်းချဖို့ အဲဗာတန်နည်းပြ ကိုးလ်မန်းကပြင်ဆင်ထားပါတယ်။ တိုက်စစ်မှူးဘိုနီဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးသာ သွင်းထားနိုင်သူလည်း ဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ် ဇန်နဝါရီမှာ ဘိုနီက မန်စီးတီးအသင်းကို ပြောင်းလာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဂျွန်စတုန်းကို အဲဗာတန်က ရောင်းချလိုက်ရင်မယ်ဆိုရင် အစားဖြည့်တင်းဖို့အတွက် ဆောက်သမ်တန် နောက်ခံလူ ဟိုဆေးဖွန်တီနဲ့ ဆွမ်ဆီးနောက်ခံလူ ဝီလျံတို့ကို ပစ်မှတ်ထားနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ