EPL: မန်ယူကိုပြောင်းရွှေ့ရန် ပေါ့ဂ်ဘာ ဆေးစစ်မှုခံယူပြီဖြစ်

အီတလီထိပ်သီး ဂျူဗင်တပ်အသင်းက ပေါ့ဂ်ဘာကို မန်ယူအတွက် ဆေးစစ်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

play


ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ရန် ဆေးစစ်မှုခံယူနေပြီ ဖြစ်ပါတယ်။ အီတလီထိပ်သီး ဂျူဗင်တပ်အသင်းက ပေါ့ဂ်ဘာကို မန်ယူအတွက် ဆေးစစ်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယနေ့ (သြဂုတ် ၇ ရက်) အတည်ပြု ပြောကြားလိုက်ပါတယ်။

play


အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပေါ့ဂ်ဘာဟာ မန်ချက်စတာကိုလာရောက်ပြီး ဆေးစစ်မှု ခံယူနေပြီဖြစ်ကာ မန်ယူကို မကြာမီ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

play
မန်ယူက တွစ်တာနဲ့ အင်စတာဂရမ်မှာ လွှင့်တင်ခဲ့တဲ့ပုံ။


ပေါ့ဂ်ဘာဟာ လန်ဒန်မှာ ယနေ့ (သြဂုတ် ၇ ရက်) ယှဉ်ပြိုင်ကစားမယ့် ဝက်စ်ဟမ်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဂျူဗင်တပ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

play


မန်ယူအသင်းဟာ ပေါ့ဂ်ဘာအတွက် ပုံရိပ်အသုံးပြုခနဲ့ အေးဂျင့်အကျိုးဆောင်ခများ အပါအဝင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၉၃ သန်းမှ သန်း ၁၁၀ အထိ ပေးချေရဖွယ်ရှိကြောင်း သိရပါတယ်။

play


ပေါ့ဂ်ဘာဟာ ယခင်က မန်ယူကစားသမားဖြစ်ခဲ့ပြီး ပထမ ဦးစားပေးအဖြစ် ပွဲထွက်ခွင့်မရခဲ့တာကြောင့် ၂၀၁၂ ခုနှစ်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: AFP, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ