AD
AD
AD
play

 

မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ တစ်ချိန်မှာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့သူလို့ အသင်းနည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

မန်ယူအသင်း ကွင်းလယ်မှာ အားထားရပြီး ပရိသတ်ချစ်ခင်မှုကိုရခဲ့တဲ့ ပေါလ်စခိုးလ်လိုကစားသမားမျိုး၊ ချယ်လ်ဆီးနဲ့ လီဗာပူး အသင်းတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားတွေဖြစ်ခဲ့ကြတဲ့ လမ်းပတ်နဲ့  ဂျာရတ်တို့ကို ကစားသမားမျိုး မန်ယူအသင်းမှာ ပေါ့ဂ်ဘာတောက်ပလာလိမ့်မယ်လို့ မော်ရင်ဟိုက မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်နေ့က မန်ယူနဲ့ လက်စတာ ကွန်မြူနတီဒိုင်းပြိုင်ပွဲမတိုင်ခင်မှာပဲ မန်ယူအသင်းဘက်က ပေါ့ဂ်ဘာကို ခေါ်ယူဆေးစစ်တော့မှာဖြစ်ကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်တို့အသင်းမှာ နောက်ချန်တိုက်စစ်ကစားသမား(နံပါတ်-၁၀) က ရှိပြီးသားပါ။ ကွင်းလယ်မှာ ဖန်တီးမှုရော ခံစစ်အတွက်ပါ အားကိုရနိုင်မယ့် ကစားသမား လိုတာပေါ့။ ပရီးမီးယားလိဂ်မှာဆို ဂျရတ်၊ ပေါလ်စခိုး၊ လမ်းပတ်တို့ကစားခဲ့တာကိုပဲကြည့်လေ။ တစ်ခါတလေဆိုရင် ဒီလိုကစားသမားတွေက နံပါတ်-၁- ကစားသမားထက်တောင် ဂိုးပိုသွင်းနိုင်ပါသေးတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD