EPL: မိခင်စကားနားထောင်ပြီး မန်ယူအသင်းထံ ပြန်လာခဲ့ခြင်းဖြစ်ဟု ပေါ့ဂ်ဘာ ပြော

 

စီးရီးကလပ် ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း မန်ယူထံ ပြန်ရောက်လာခြင်းဟာ ကိုယ့်ရဲ့အိမ်ကို ပြန်ရောက်လာရသလိုပဲ နွေးနွေးထွေးထွေးရှိကြောင်း ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။

 

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာတဲ့ ပေါ့ဂ်ဘာက မန်ယူအသင်းတီဗီနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်က မန်ယူအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့မိခင်ဖြစ်သူရဲ့ တိုက်တွန်းချက်ကို နားထောင်ခဲ့တာလည်းဖြစ်ကြောင်း ပေါ့ဂ်ဘာက ဝန်ခံပြောကြားပါတယ်။ အီတလီမှာ လေးနှစ်တာ သွားကစားခဲ့ရတာကတော့ အပျော်ခရီးထွက်ခဲ့သလို ဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

 

" ကျွန်တော် ဒီကိုပြန်သင့်တယ်ဆိုပြီး အမေကလည်း တိုက်တွန်းခဲ့တယ်။ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့လို့ အမေ့ကို ကျွန်တော် ပြောခဲ့ပါသေးတယ်။ စီးရီးမှာ လေးနှစ်လောက်နေခဲ့တာကတော့ ပိတ်ရက်အနားယူလိုက်ရသလိုမျိုးပါပဲ။ အခုတော့ အိမ်ပြန်လာတဲ့ သူတစ်ယောက်လိုခံစားရပါတယ်" လို့ ပေါ့ဂ်ဘာ ဆိုပါတယ်။

 

မန်ယူအသင်းမှာ မအောင်မြင်ခဲ့တဲ့ အလုပ်တွေကို အခုပြီးဆုံးအောင်လုပ်ဖို့ ပြန်လာခဲ့တာ ဖြစ်တယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ