EPL: ခြေရှုပ်နေတဲ့ ဇနီးဖြစ်သူကြောင့် လက်ထပ်လက်စွပ် ချွတ်လိုက်တဲ့ လီဗာပူး ကစားသမား

လီဗာပူးနောက်ခံကစားသမား လော်ဗရန်ရဲ့ ဇနီးသည်ဖြစ်သူဟာ အခြားအမျိုးသားတစ်ဦးနဲ့ ဇာတ်လမ်း ရှိနေခဲ့တာပါ။

play

 

ဇနီးသည်ဖြစ်သူက အခြားအမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်နေကြောင်း သိရပြီးနောက် လီဗာပူးကစားသမားဖြစ်သူ လော်ဗရန်ဟာ လက်ထပ်လက်စွပ်ကို လက်မှာဆက်ပြီးဝတ်ဆင်မထားတော့ကြောင်း သိရပါတယ်။

play
လီဗာပူးမြို့ လေဆိပ်ကို ရောက်လာတဲ့ လော်ဗရန်

 

ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ လီဗာပူးကစားသမား လော်ဗရန်ရဲ့ ဇနီးဖြစ်သူ အန်နီတာဟာ သစ်ထုတ်လုပ်ရေး ဝန်ထမ်းအမျိုးသားတစ်ဦးနဲ့  အတူရှိနေခဲ့တဲ့ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက် လော်ဗရန်ဟာ ခရိုအေးရှား လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကိုတောင် ဝင်ရောက်မယှဉ်ပြိုင်နိုင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ အန်နီတာဟာ သူ့ရဲ့သူငယ်ချင်းဟောင်း ဒါရီယို ဆိုသူနဲ့ ဆုံတွေ့နေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

play
သူငယ်ချင်းဖြစ်သူနဲ့ တွေ့ရတဲ့ လော်ဗရန်ရဲ့ ဇနီးသည်

 

အန်နီတာနဲ့ ဒါရီယိုတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကလည်းကတည်း ဇာတ်လမ်းတွေ ရှုပ်နေခဲ့ကြတာဖြစ်ပြီး လီဗာပူးမြို့အတွင်းက ဟိုတယ်တစ်ခုမှာ တွေ့ဆုံခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မက်ဆေ့တွေ အပြန်အလှန်ပို့ခဲ့ပါသေးတယ်။

play

 

သူတို့ရဲ့ဇာတ်လမ်းကို လော်ဗရန်ရိပ်မိခဲ့ပြီးနောက် ဇနီးသည်ဖြစ်သူနဲ့ ပြဿနာတွေ ရှင်းရင်း ခရိုအေးရှား လက်ရွေးစင် အသင်းနဲ့ ယူရိုပွဲကိုပါ လွဲချော်ခဲ့တာပါ။

play

 

အခု ဘာစီလိုနာအသင်းနဲ့အတူ လီဗာပူးက ဝင်ဘာလေမှာ နိုင်ငံတကာ ချန်ပီယံများဖလားပွဲစဉ် ကစားပြီးနောက် လီဗာပူးမြို့ကို ပြန်ရောက်လာတဲ့ လော်ဗရန်ထံမှာ လက်ထပ်လက်စွပ် မတွေ့ရတော့တာ ဖြစ်ပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ