EPL: အဲဗာတန် နောက်ခံလူ ဂျွန်စတုန်းကို မန်စီးတီး အပြီးသတ်ခေါ်ယူ

မန်စီးတီးအတွက် ရှစ်ယောက်မြောက် ကစားသမားသစ် ဖြစ်လာခဲ့ပါတယ်။

play

 

အဲဗာတန် နောက်ခံကစားသမား ဂျွန်စတုန်းကို မန်စီးတီးအသင်းက အပြီးသတ် ခေါ်ယူလိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

နောက်ခံလူ ဂျွန်စတုန်းအတွက် မန်စီးတီးအသင်းက ပေါင် ၄၇.၅ သန်း ပေးချေခဲ့ရပြီး ရာသီသစ်မစတင်ခင် အပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးခေါ်ယူတဲ့ ရှစ်ယောက်မြောက် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ အဲဗာတန်ကစားသမား  ဂျွန်စတုန်းကို မန်စီးတီးအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ခေါ်ယူချင်နေခဲ့တာဖြစ်ပါတယ်။ " မန်စီးတီးအတွက် ကစားပေးရတော့မယ်ဆိုတော့ ကျွန်တော်တကယ်ပျော်ပါတယ်။ ကျွန်တော့်ကစားသမားဘဝ နောက်အဆင့်တဆင့် ထပ်ပြီးတက်လှမ်းနိုင်ဖို့ ကြိုးစားမှာပါ" လို့ ဂျွန်စတုန်းက မန်စီးတီးနဲ့ စာချုပ်ချုပ်ပြီးနောက် ပြောခဲ့တာပါ။

play

 

ဂျွန်စတုန်းရဲ့ အပြောင်းအရွှေ့ကို မန်စီးတီးအသင်း တရားဝင်မကြေငြာခင်ကတည်းက ဥရောပဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့လာမယ့်ရာသီ ကစားသမားစာရင်းမှာ ဂျွန်စတုန်း ပါဝင်နေတာကို ယူအီးအက်ဖ်အေ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့တာပါ။

play

 

အဲဗာတန်အသင်းဟာ ဂျွန်စတုန်းကို ၂၀၁၃ ခုနှစ်မှာ ပေါင် ၃ သန်းနဲ့ ဘန်စလေအသင်းထံက ခေါ်ယူခဲ့တာဖြစ်လို့ ဒီအပြောင်းအရွှေ့မှာ အမြတ်ငွေများစွာ ရရှိခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ