EPL: ဈေးကြီးပေးရသော်လည်း အသင်းနှင့် အံမဝင် ဖြစ်ခဲ့ဖူးသည့် ကစားသမား (၅) ဦး

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပေမဲ့ အသင်းနဲ့ အံမဝင်ဖြစ်ခဲ့ရတဲ့ ကစားသမားတွေလည်း ပရီးမီးယားလိဂ်မှာ ရှိပါတယ်။

play

 

ယခုနှစ် ဥရောပဘောလုံးရာသီ အပြောင်းအရွှေ့ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့တာ မန်ယူအသင်းနဲ့ ကစားသမားသစ် ပေါ့ဂ်ဘာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ကစလို့ ကမ္ဘာ့အပြောင်းအရွှေ့ဈေးကွက်မှာ ဘောလုံးသမားတွေကို စံချိန်တင်ဈေးနှုန်းတွေနဲ့ ဝယ်ယူခဲ့တာ ရီးရဲလ်မက်ဒရစ်ဖြစ်ပါတယ်။

ဒီနှစ်တော့ ကမ္ဘာ့ပထမဆုံး ပေါင်သန်း ၉၀ တန်ကစားသမားကို မန်ယူအသင်းက ခေါ်ယူလိုက်ပြီးစံချိန်ချိုးလိုက်ပါတယ်။ ဘောလုံးလောကမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းသစ်ကို ရောက်လာပေမဲ့ ခြေစွမ်းမပြနိုင်ဖြစ်ရဖူးတဲ့ ကစားသမား ငါးဦး ရှိပါတယ်။

၁။ ဒီမာရီယာ (မန်ယူ)

play

 

ရီးရဲလ်မက်ဒရစ်ကနေ မန်ယူအသင်းထံကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉.၇ သန်းနဲ့ ပြောင်းလာခဲ့ပေမဲ့ တစ်ရာသီကစားပြီး ခြေစွမ်းမပြနိုင်လို့ ပီအက်စ်ဂျီအသင်းထံကို ရောက်ရှိသွားခဲ့သူပါ။

၂။ ဖာနန်ဒိုတောရက်စ် (ချယ်လ်ဆီး)

play

 

လီဗာပူးအသင်းမှာ ခြေစွမ်းပြတဲ့ တောရက်စ်ဟာ ချယ်လ်ဆီးမှာ သုံးနှစ်ခွဲနေပြီး လိဂ်ပွဲ ၁၁၀ ကစားခဲ့ပေမဲ့ ဂိုး ၂၀ သာသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ပရီးမီးယားလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ပေးရတဲ့ တောရက်စ်ဟာ ၂၀၁၅ မှာ အေစီမီလန်ကို အပြီးရောင်းခံလိုက်ရပါတယ်။

၃။ ရော်ဘင်ဟို (မန်စီးတီး)

play

 

မန်စီးတီးအသင်းကို အဘူဒါဘီဘီလျံနာ မိသားစုဝယ်ယူပြီး မကြာခင်မှာပဲ ၂၀၀၆ မှာ ဘရာဇီးကစားသမား ရော်ဘင်ဟိုကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ ခြေစွမ်းမပြနိုင်လို့ အသင်းမှာ နေရာပျောက်ခဲ့တဲ့အပြင် ဆန်းတို့စ်အသင်းကို အငှားပြန်ချခံခဲ့ရပြီး နောက်ဆုံး အေစီမီလန်ကို ရောက်ခဲ့ပါတယ်။

၎။ ရှက်ဗ်ချန်ကို (ချယ်လ်ဆီး)

play

 

ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ရှက်ဗ်ချန်ကိုဟာ ချယ်လ်ဆီးရောက်စတုန်းက နေရာအတော်ရခဲ့ပါသေးတယ်။ ဒါပေမဲ့ ၄၇ ပွဲမှာ ၉ ဂိုးသာ သွင်းနိုင်တဲ့ တိုက်စစ်မှူးကို နောက်ဆုံး အရန်ခုံပို့ပြီး အေစီမီလန်ကိုအငှားချလိုက်ရပါတယ်။ ရှက်ဗ်ချန်ကို ကို ချယ်လ်ဆီးက ပေါင် ၃၀.၈ သန်းပေးခဲ့ရပြီး အဲဒီတုန်းက ပရီးမီးယားလိဂ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့တာပါ။

၅။ ဗီရွန် (မန်ယူ)

play

 

လာဇီယိုမှာ ခြေစွမ်းပြလျှက်ရှိတဲ့ ဗီရွန်ကို မန်ယူနည်းပြဟောင်းဖာဂူဆန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ဆိုပြီး ဝယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ၂၈.၁ သန်းပေးခဲ့ရတာ စံချိန်တင်ဖြစ်ခဲ့ပေမဲ့ အသင်းမှာ နှစ်နှစ်ကစားပြီး ချယ်လ်ဆီးကို ရောက်သွားခဲ့ရပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ