EPL: မန်စီးတီးအသင်းမှ နာမည်ကျော်ကစားသမား သုံးဦး ထွက်ခွာရန် နီးစပ်

မန်စီးတီးအသင်းကစားမယ့်ပွဲစဉ်တွေမှာ အဆိုပါကစားသမား သုံးဦးလုံးကို ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။

play

 

အပြောင်းအရွှေ့ရာသီမကုန်ဆုံးခင်မှာ မန်စီးတီးအသင်းရဲ့ နာမည်ကျော်ကစားသမား သုံးဦးအသင်းကို စွန့်ခွာဖို့ ရှိနေပြီလို့ သိရပါတယ်။ နောက်တစ်ပတ် စတူအာဘူခါရက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် မန်စီးတီးအသင်းလူစာရင်းမှာ အဆိုပါကစားသမား သုံးဦးလုံးကိုချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။

play

 

တိုက်စစ်မှူး ဘိုနီ၊ နာဆရီနဲ့ မန်ဂါလာတို့ကို မန်စီးတီးက ယူအီးအက်ဖ်အေထံစာရင်းတင်သွင်းရာမှာ ချန်လှပ်ထားခဲ့တာဖြစ်ပြီး အသစ်ရောက်ရှိလာတဲ့ ကစားသမားဂျွန်စတုန်းကိုတော့ ထည့်သွင်းထားပါတယ်။ လက်ရှိ မန်စီးတီးတိုက်စစ်မှူး ဘိုနီကို အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင်  ၁၅ သန်းလောက် ကုန်ကျမှာ ဖြစ်တဲ့အတွက် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

play

 

နာဆရီ၊ ဘိုနီနဲ့ မန်ဂါလာတို့သုံးဦးလုံး ဒဏ်ရာပြဿနာတွေ ကင်းစင်နေပေမဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာက ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း လူစာရင်းက ချန်လှပ်ထားခဲ့ပါသေးတယ်။ ကွင်းလယ်ကစားသမား နာဆရီကိုတော့ မန်စီးတီးအသင်းက ပေါင် ၁၇ သန်းလောက်ရမယ်ဆိုရင် ရောင်းချဖို့ ပြင်ထားတယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ