EPL: မန်ယူလူငယ် နောက်ခံကစားသမား နှစ်ဦးကို ဆန်းဒါးလန်း ခေါ်ရန်သဘောတူညီမှုရ

, updated

မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက် ကိုင်တွယ်နေတဲ့ ဆန်းဒါးလန်းအသင်းက ဖယ်လိုင်နီနဲ့ ယာနူဇက်ကိုလည်း ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

play

 

မန်ယူအသင်း လူငယ်နောက်ခံကစားသမား နှစ်ဦးကို ဆန်းဒါးလန်းအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။

အသင်းနောက်ခံ ကစားသမား မက္ကနဲရ်နဲ့ ဒေါ်နယ်လက်ဗ်တို့ နှစ်ဦးကို ဆန်းဒါးလန်းအသင်းက ပေါင် ၅.၅ သန်းခွဲနဲ့ ခေါ်ယူဖို့ သဘောတူလိုက်တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြပါတယ်။ မန်ယူနည်းပြဟောင်း မိုယက်စ်စတင်ကိုင်တွယ်နေပြီဖြစ်တဲ့ ဆန်းဒါးလန်းအသင်းက အဆိုပါ နောက်ခံကစားသမား နှစ်ဦးလုံးကို သြဂုတ်လ ၁၀ ရက်နေ့(ယနေ့)မှာ ဆေးစစ်မယ်လို့ သိရပါတယ်။

play

 

နောက်ခံ ကစားသမား လိုအပ်နေတဲ့ ဆန်းဒါးလန်းအသင်းက နောက်ထပ် အဲဗာတန် နောက်ခံကစားသမား ကိုနေးကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။ ကနဦး ပေးချေမှုအရ အဆိုပါကစားသမားနှစ်ဦးအတွက် ပေါင် ၅.၅ သန်းပေးချေရမယ်ဆိုပေမဲ့ နောက်ပိုင်းထပ်မံပေးချေရမယ့် ငွေကြေးကိုပါ တွက်ချက်မယ်ဆိုရင် စုစုပေါင်းပေါင် ၇ သန်းလောက် ဖြစ်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ