EPL: ရာသီသစ်ကို ကစားသမားသစ်မရှိ၊ နည်းပြမရှိဘဲ ကစားမည့် တန်းတက်ဟားလ်စီးတီး

, updated

အသင်းမှာ လောလောဆယ် ပွဲထွက်ကစားနိုင်တဲ့ ဗဟိုနောက်ခံလူလည်း မရှိတဲ့အတွက် ကွင်းလယ်ကစားသမားအချို့ နောက်တန်းကို ဆင်းကစားရမှာ ဖြစ်ပါတယ်။

play
ရာသီအကြို ခြေစမ်းပွဲ ကစားခဲ့တဲ့ ဟားလ်စီးတီး အသင်းရဲ့ လူစာရင်းဖြစ်ပါတယ်

 

၂၀၁၅-၁၆ ဘောလုံးရာသီအပြီးမှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဟားလ်စီးတီးအသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ပြင်ဆင်မှု ဘာမှမရှိတဲ့ အသင်းတစ်သင်းအဖြစ် ဝေဖန်ခံထားရပါတယ်။

play

 

ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပေမဲ့ ရာသီသစ်အတွက် ကစားသမားသစ်တစ်ဦးကိုမျှ ဟားလ်စီးတီးအသင်း မဝယ်ထားသလို လက်ရှိမှာ အသင်းက မန်နေဂျာလက်မဲ့ ဖြစ်လျှက်ရှိပါတယ်။ ဟားလ်စီးတီး အသင်းပိုင်ရှင်တွေဖြစ်တဲ့ အယ်လမ်မိသားစုကို အသင်းကိုရောင်းချဖို့ အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ မပြီးပြတ်ခဲ့တာကြောင့် တရုတ် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းစုတွေနဲ့လည်း ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

အသင်းက ရာသီသစ်အတွက် ရင်းနှီးမြှုပ်နှံမှု လုံးဝမလုပ်ခဲ့တဲ့အတွက် နည်းပြစတိဗ်ဘရုစ်လည်း ရာထူးက နုတ်ထွက်သွားပါတယ်။ ဒါ့အပြင် အသင်းမှာ ဗဟိုနောက်ခံလူတွေနည်းပါးပြီး ဒဏ်ရာရသူတွေသာ ရှိတာကြောင့် ကွင်းလယ်ကစားသမား လိုက်ဗ်မော်ရ်က နောက်ကိုဆင်းကစားရဖွယ် ရှိနေပါတယ်။

play

 

လာမယ့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ချန်ပီယံ လက်စတာအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး ဟားလ်စီးတီးအသင်းရဲ့ ပွဲထွက် ကစားသမား ၁၁ ဦးတန်ကြေးဟာ စုစုပေါင်း သန်း ၄၀ လောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ