EPL: လက်ရှိချန်ပီယံ မက္ကဆီကို မပါတော့သည့် အိုလံပစ်ဘောလုံးပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များထွက်ပေါ်

ဘရာဇီးက အုပ်စုနောက်ဆုံးပွဲမှာ ပထမဆုံး နိုင်ပွဲယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

play

 

ရီယိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲမှာ အိမ်ရှင်ဘရာဇီးအသင်းက ဒိန်းမတ်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

ပထမဆုံးအုပ်စုအဖွင့်ပွဲ နှစ်ပွဲဆက်တိုက် သရေရလဒ်သာ ရခဲ့ပေမဲ့ နောက်ဆုံးပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲယူခဲ့ပြီးနောက် အုပ်စုပထပမနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်အုပ်စုပွဲစဉ်တွေအပြီးမှာတော့ လက်ရှိချန်ပီယံ မက္ကဆီကိုနဲ့ ရွှေတံဆိပ် နှစ်ကြိမ်ရ အာဂျင်တီးနား အသင်းတို့ကတော့ အုပ်စုအဆင့်မှာတင် ကျန်နေရစ်ခဲ့ရပါတယ်။

play

 

ပထမပိုင်းမှာ ဘရာဇီးအသင်းရဲ့ ကစားသမား ဘာဘိုဆာနဲ့ မန်စီးတီးကစားသမားသစ် ဂျီးဆပ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ  လူအန်နဲ့ ဘာဘိုဆာကပဲ နောက်ထပ်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်က နောက်ဆုံးပွဲမှာ ဘရာဇီးကို အရှုံးပေးခဲ့ရပေမဲ့ ရှေ့ပွဲစဉ်နှစ်ပွဲမှာ တစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျထားတာကြောင့် ရမှတ် လေးမှတ်နဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြန်ပါတယ်။

play

 

တစ်ဖက်မှာ အုပ်စု ဒုတိယရလာတဲ့ ကိုလံဘီယာနဲ့ ဘရာဇီး ကွာတားဖိုင်နယ်မှာ တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။

ကွားတားဖိုင်နယ် ပွဲစဉ်များ

ဘရာဇီး - ကိုလံဘီယာ

တောင်ကိုရီးယား - ဟွန်ဒူးရပ်စ်

နိုင်ဂျီးရီးယား - ဒိန်းမတ်

ပေါ်တူဂီ - ဂျာမနီ

Source : Rio 2016/ Wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ