EPL: မာရက်ဇ်ထက် နောက်ခံလူ မက်စ်တာဖီကို ခေါ်နိုင်ရန် အာဆင်နယ် ပိုအာရုံစိုက်နေ

ရာသီသစ်မစခင် အာဆင်နယ်မှာ ခံစစ်ကစားသမား မစုံလင်တဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။

play

 

ဗလန်စီယာအသင်း ကစားသမား မက်စ်တာဖီကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်မှု ရှိနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Times  ကဖော်ပြလိုက်ပါတယ်။

play

 

အသင်းနောက်တန်းကို အင်အားဖြည့်တင်းဖို့အတွက် ဂျာမနီကစာသမားလည်းဖြစ်တဲ့ မက်စ်တာဖီကို အာဆင်နယ်ကို ခေါ်ယူဖို့ နွေရာသီစတင်ကတည်းက ကြိုပမ်းနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအာဆင်နယ်အသင်းမှာ ဂါဘရီရယ်လည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်လို့ ရာသီသစ်အတွက် သိပ်နောက်မကျခင် နောက်ခံကစားသမားခေါ်ဖို့ အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။

play

 

နောက်ခံလူ ဂါဘရီရယ်နဲ့ မာတီဆက်ကာ နှစ်ဦးလုံးကို ဒဏ်ရာကြောင့် အခိုက်အတန့်ဆုံးရှုံးထားရမှာ ဖြစ်တဲ့အတွက် မက်စ်တာဖီအပြောင်းအရွှေ့ မသေချာခင်တုန်းက ဂျွန်နီအီဗန်ကိုလည်း အာဆင်နယ်ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အခုတော့ မက်စ်တာဖီရဲ့ အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့် ဆွေးနွေးတဲ့အခြေအနေကို ရောက်နေပြီလို့ မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ မာရက်ဇ်ကိုခေါ်ယူဖို့လည်း အာဆင်နယ်က ကြိုးပမ်းနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ