play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးအချိန်မှာ လီဗာပူးအသင်းရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကြောင့် ဘယ်အသင်းကမှ မိမိတို့ အသင်းနဲ့ တွေ့ဆုံလိုခြင်းမရှိခဲ့ဘူးလို့ လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ ထုတ်ပြောလိုက်ပါတယ်။

play

 

လီဗာပူးက လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်၊ ချယ်လ်ဆီး စတဲ့အသင်းတွေနဲ့လည်း တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလီဗာပူးအသင်းရဲ့ တည်ငြိမ်မှုကို ဘယ်အသင်းနဲ့မဆို ရင်ဆိုင်အနိုင်ယူနိုင်စွမ်း ရှိနေပြီလို့ ကလော့ပ်က ပြောပါတယ်။

play

 

" အသင်းမှာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ နေ့ရက်အချို့ကို ကျွန်တော်မြင်ခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးတုန်းက ကိုယ့်အသင်းရဲ့ ခြေစွမ်း(တည်ငြိမ်မှု)ကြောင့် ဘယ်အသင်းမှ လီဗာပူး ရင်မဆိုင်ချင်ခဲ့ကြဘူး။ ဒါပေမဲ့ ဒီပွဲတွေကို လူတွေက မေ့သွားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်တို့ အဆင့်-၈ နဲ့ ရာသီသိမ်းခဲ့တာကိုး" လို့ ဂျာဂန်ကလော့ goal.com နဲ့ သီးသန့်တွေ့ဆုံခန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video