EPL: ပရီးမီးယားလိဂ် ရာသီသစ်မှာ တွေ့ရမယ့် အဖြစ်အပျက် (၁၀) ခု

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်မှာ ဒီအဖြစ်အပျက်တွေကို မြင်ရဦးမှာ ဖြစ်ပါတယ်။

play

 

လာမယ့် သြဂုတ်လ ၁၃ ရက်နေ့စကလို့ ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်ကို စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ လာမယ့် ရာသီသစ် ပရီးမီးယားလိဂ် စတင်ယှဉ်ပြိုင်တဲ့အခါ မြင်တွေ့ရမယ့် အဖြစ်အပျက် (၁၀) ခုရှိပါတယ်။

play

 

၁။ ပထမဆုံးတစ်ချက်ကတော့ ပေါ့ဂ်ဘာ အမှားအယွင်းတစ်ခု လုပ်မိလိုက်ပြီဆိုတာနဲ့ မန်ယူက ပိုက်ဆံတွေ ဖြုန်းပစ်လိုက်တာပဲ ဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်ရေးသားကြမှာ ဖြစ်ပါတယ်။

၂။ နောက်တစ်ချက်က အာစင်ဝင်းဂါးပါ။ ပထမဆုံး ရှုံးပွဲတွေ့ပြီဆိုရင် အသင်းက ကစားသမားတွေ နားချိန် လုံလုံလောက်လောက် မရလို့ ကြံ့ခိုင်မှု အားနည်းနေတယ်ဆိုပြီး သုံးသပ်မှာ ဖြစ်ပါတယ်။

၃။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပအသင်းကြီးတွေနဲ့ ကစားနေတဲ့ လက်စတာကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

play

 

၎။ ဘောလုံးပွဲတွေ စကန်တဲ့အခါ ကွင်းလယ်မှာ စပေးဘောလုံးကို ကစားသမားနှစ်ဦး ပေးရတဲ့စနစ်ကိုပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ အဲဒါကြောင့် စပေးဘောလုံးကို ကစားသမားတစ်ဦးတည်းက ပေးတာတွေ့ရတော့မှာပါ။

၅။ အဓိက ပြိုင်ဘက်တွေဖြစ်လာမယ့် မန်ချက်စတာဒါဘီ ပြိုင်ဘက်နည်းပြနှစ်ဦးရဲက စကားစစ်ထိုးပွဲတွေကို မီဒီယာ စာမျက်နှာတွေမှာ တွေ့ရဦးမှာပါ။

play

 

၆။ အာဆင်နယ်အသင်း ရလဒ်မကောင်းတဲ့အခါ အာဆင်နယ်ပရိသတ်တွေက နည်းပြအာစင်ဝင်းဂါးကို နုတ်ထွက်ဖို့ တောင်းဆိုကြဦးမှာဖြစ်ပါတယ်။ ဒီတစ်ခါလည်း အသင်းက  အာစင်ဝင်းဂါးကို ဆက်လက်ထောက်ခံပေးဖွယ် ရှိပါတယ်။

၇။ ဆန်းဒါးလန်းအသင်းနဲ့အတူ မန်ယူအသင်းကို ရင်ဆိုင်ရမယ့် နည်းပြဒေးဗစ်မိုယက်စ်ကို မြင်တွေ့ရဦးမှာပါ။

၈။ ပရီးမီးယားလိဂ်ရဲ့ လိုဂိုအသစ်ကို တွေ့ကြရမှာပါ။ ပြိုင်ပွဲစပွန်ဆာ ဘာကလေနာမည် ပါဝင်တော့မှာမဟုတ်ဘဲ ပရီးမီးယားလိဂ် လို့သာ ခေါ်တွင်စေမှာ ဖြစ်ပါတယ်။

၉။ စည်းမျဉ်းအသစ်တွေ ပြောင်းလဲသွားပြီဖြစ်လို့ ပြိုင်ပွဲတွေမှာ စည်းမျဉ်းအသစ်တွေ မြင်ကြရမှာပါ။ ကစားသမားတွေက ဒိုင်ကို သာမန်မလေးစား အပြုအမူ ပြတာတွေ၊ စောဒက တက်တာတွေလောက်နဲ့ အဝါကတ် ပြခံရမှာ မဟုတ်တော့ပါဘူး။

play

 

၁၀။ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းအသစ်ကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ