EPL: မူစတာဖီကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရဟု ဆို

လာမယ့် စနေနေ့မှာ စာချုပ်ချုပ်မယ်လို့ ဆိုပါတယ်။

play

 

ဂျာမန်ကစားသမားဖြစ်တဲ့ မူစတာဖီကို လာမယ့်စနေနေ့မှာ အာဆင်နယ်အသင်း အပြီးသတ် ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဗလန်စီယာအသင်း ကစားသမား မူစတာဖီအတွက် အာဆင်နယ်အသင်းက ပေါင်သန်း ၃၀ ခန့်ပေးချေခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြထားကြပြီး ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီထားပြီးပြီလို့ ဆိုပါတယ်။ နောက်ခံ ကစားသမား မူစတာဖီအတွက် အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခလစာ ပေါင် ခုနှစ်သောင်းခွဲ ပေးချေရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ နှစ်ဖက်အသင်း သဘောတူညီမှု ရခဲ့တာလည်းဖြစ်ပါတယ်။

play

 

ဗလန်စီယာအသင်းက မူစတာဖီကို ပေါင် ၄၂ နှစ်သန်းပေးမှသာ ခေါ်ယူနိုင်မယ်လို့ စာချုပ်ချုပ်ထားပေမဲ့ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းတဲ့ ပေါင်သန်း ၃၀ ကို သဘောတူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဂါဘရီရယ်၊ မာတီဆက်ကာတို့လို အဓိကနောက်ခံကစားသမားတွေ ဒဏ်ရာရနေတဲ့အတွက် မူစတာဖီကို အလျင်အမြန် ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ