EPL: ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် ကစားသမားသစ် (၁၀) ဦး

, updated

ပရိသတ်တွေ စောင့်ကြည့်ရမယ့် ကစားသမားသစ် (၁၀) ဦးရှိပါတယ်။

play

 

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီကို သြဂုတ်လ ၁၃ ရက်နေ့မှာ ပြန်လည်စတင်တော့မှာပါ။ ဒီနှစ်ဟာ မန်ယူ၊ မန်စီးတီး စတဲ့အသင်းတွေအပြင် အာဆင်နယ်၊ လီဗာပူး တို့ရဲ့ ကစားသမားအင်အား ဖြည့်တင်းမှုကလည်း မနည်းလှတာကြောင့် စံချိန်တင် ငွေသုံးစွဲမှု ဖြစ်ခဲ့ပြန်ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်မှာ အသင်းသစ်ကို ရောက်လာခဲ့တဲ့ ကစားသမားတွေထဲက စောင့်ကြည့်ရမယ့် ကစားသမား (၁၀) ဦးရှိပါတယ်။

၁။ ဂျွန်စတုန်း (မန်စီးတီး)

play

 

အဲဗာတန်အသင်းကနေ ဈေးကြီးပေးပြီး ခေါ်ထားတဲ့ ဂျွန်စတုန်းအတွက်တော့ ဖိအားအနည်းငယ် များပါတယ်။ အမှားလုပ်မိတာနဲ့ ချက်ခြင်းဝေဖန်ခံရလောက်တဲ့ အခြေနေဖြစ်ပြီး မန်စီးတီးအတွက် နောက်တန်းမှာ ဘယ်လောက်အထောက်အကူဖြစ်မလဲ စောင့်ကြည့်ရမှာပါ။

၂။ ဂျော်ဒန်အီဘီ (ဘုန်းမောက်)

play

 

လီဗာပူးအသင်းက အီဘီကို လက်လွှတ်လိုက်တဲ့အတွက် ဝေဖန်ခံရပါသေးတယ်။ အီဘီဟာ ဘုန်းမောက်မှာတော့ ပွဲထွက်ခွင့် အပြည့်ရပြီး ခြေစွမ်းပြနိုင်မယ်လို့ ယူဆရပါတယ်။

၃။ မာနေး (လီဗာပူး)

play

 

ဆောက်သမ်တန်က ခြေစွမ်းပြကစားသမားတွေကို အမြဲခေါ်လေ့ရှိတဲ့ လီဗာပူး ဒီနှစ်လည်း ဆောက်သမ်တန်က မာနေးကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားပါတယ်။

၎။ အန်ဒရေဂရေး (ဘန်လေ)

play

 

လက်စတာတိုက်စစ်မှူး ဗာဒီလိုပဲ ဂရေးကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ပရော်ဖက်ရှင်နယ်ကစားသမား စစ်စစ်တစ်ဦး မဟုတ်ခဲ့ပါဘူး။ အခုတော့ကွန်ဖရန့်စ်ကနေ ဝက်စ်ဟမ်းကို ရောက်လာခဲ့ပါပြီ။

၅။ ရှာခါ (အာဆင်နယ်)

play

 

ဒီနှစ်စောင့်ကြည့်ရမယ့် ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီ အာဆင်နယ်ရဲ့ အဓိကခေါ်ယူဖြည့်တင်းမှု ဖြစ်ပါတယ်။

၆။ ရီးစ်အောက်စ်ဖို့ဒ် (ဝက်စ်ဟမ်း)

play

 

ဝက်စ်ဟမ်းအတွက် ဒုတိယမြောက် စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။ ဗဟိုနောက်ခံ ကစားသမား ရီးစ်က အသက် ၁၇ နှစ်ပဲရှိသေးပေမယ့် ခြေစွမ်းအရ စောင့်ကြည့်ရမယ့် ကစားသမားပါ။

၇။ မန်ဒီ (လက်စတာ)

play

 

ချယ်လ်ဆီးကို ရောင်းချလိုက်ရတဲ့ ကွင်းလယ်ကစားသမား ကန်တေနေရာကို ဖြည့်တင်းမယ့်သူဖြစ်ပြီး ဒရင့်ခ်ဝါးတားနဲ့ တွဲကစားရမှာပါ။

၈။ ဗင်းဆင့်ယန်ဆင် (စပါး)

play

 

ဟော်လန်လိဂ်ကနေ ပရီးမီးယားလိဂ် ရောက်လာတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဟယ်ရီကိန်းနဲ့အတူ လက်တွဲရမှာ ဖြစ်ပါတယ်။

၉။ အမ်ခီတာယန် (မန်ယူ)

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒေါ့မွန်အသင်းမှာ ဂိုးရဖို့ ၁၄ ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့တ အမ်ခီတာရန် ဒီနှစ်မှာ မန်ယူအတွက် ဘယ်လောက်ထောက်ပံ့ပေးနိုင်မလဲ ကြည့်ရဦးမှာပါ။

၁၀။ ဆာနေး (မန်စီးတီး)

play

 

မန်စီးတီးက မန်ယူလိုမျိုး စံချိန်တင်ငွေကြေးနဲ့ ကစားသမား မခေါ်ယူပေမယ့် ခေါ်ယူထားတဲ့ ကစားသမားတွေအားလုံးဟာ စောင့်ကြည့်ရမယ့်သူတွေချည်း ဖြစ်ပါတယ်။ ရှော်လ်ကေးအသင်းအတွက် ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြပြီး ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးသွင်းခဲ့တဲ့ တောင်ပံကစားသမား ဖြစ်ပါတယ်။

Source ; Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ