EPL: လက်စတာ ချန်ပီယံထပ်ဖြစ်ဖို့ထက် ဂြိုလ်သားများ ရောက်လာခြင်းက ပိုဖြစ်နိုင်ဟု ရေနီယာရီ ပြော

လာမယ့်ရာသီမှာ လက်စတာလိုအသင်းမျိုး ချန်ပီယံထပ်ဖြစ်ဖို့က အရင်နှစ်ကထက် ပိုခက်ခဲသွားပြီလို့ နည်းပြ ရေနီယာရီက ပြောတာပါ။

play

 

လာမယ့်ရာသီမှာ လက်စတာအသင်းချန်ပီယံဖလားကို ဆက်လက်ထိန်းသိမ်းဖို့ဟာ အလွန်ခက်ခဲ့လိမ့်မယ်လို့ အသင်းနည်းပြ ရေနီယာရီက ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဘွဲ့ကို လက်စတာထိန်းသိမ်းနိုင်ဖို့ထက် ကမ္ဘာမြေပေါ်ကို ဂြိုလ်သားတွေ ရောက်လာဖို့ကသာ ပိုလွယ်ကူလိမ့်မယ်လို့ ရေနီယာရီက သတင်းစာရှင်းလင်းပွဲမှာ နောက်ပြောင် ပြောကြားလိုက်ပါတယ်။ အရင်နှစ်ကထက် ဒီနှစ်မှာ လက်စတာလိုအသင်းမျိုး ချန်ပီယံဖြစ်ဖို့ဟာ ပိုပြီးခက်ခဲသွားပြီလို့ ဆိုပါတယ်။

play

 

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ အပြိုင်အဆိုင် ပြင်ဆင်အားဖြည့်မှုတွေကြောင့် ပိုခက်ခဲလိမ့်မယ်လို့ လက်စတာနည်းပြက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လက်စတာအသင်းကို အမှတ်ပေးချန်ပီယံဖြစ်ဖို့ လောင်းကြေးကုမ္ပဏီတွေက ၅၀၀၀ ဆ၊ ၁ ဆ ကြေးဖွင့်ခဲ့တယ်ဆိုရင် ဒီနှစ်တော့ ၆၀၀၀ ဆ၊ ၁ ဆလောက် ကြေးဖွင့်သင့်တယ်လို့ ရေနီယာရီက ပြောပါတယ်။

play

 

လက်စတာက ဒီနှစ်ပွဲဦးထွက်မှာ ဟားလ်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ