EPL: ပွဲပယ်ခံထားရသည့် ပေါ့ဂ်ဘာ မန်ယူနှင့် ပွဲထွက်နိုင်ဦးမည် မဟုတ်

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပေမယ့် ပွဲဦးထွက်မှာ ပွဲပယ်ခံထားရပါတယ်။

play

 

မန်ယူအသင်းနဲ့ ကစားမယ့်ပထမဆုံး ပွဲဦးထွက်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ပေါ့ဂ်ဘာ ပွဲပယ်ခံထားရတယ်လို့ သိရပါတယ်။ မန်ယူအသင်းက လာမယ့်တနင်္ဂနွေနေ့မှာ ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့စဉ်က နောက်ဆုံးနှစ်ပွဲဆက်တိုက်က အဝါကတ်ပြခံ့ရတာကြောင့် ပေါ့ဂ်ဘာရဲ့ပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်ကို ပါလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချု့်ကလည်း ဒီတစ်ပတ် ပွဲပယ်ခံရတဲ့ ကစားသမားစာရင်းမှာ ပေါ့ဂ်ဘာကို ထည့်သွင်းပြီး ဒီပြစ်ဒဏ်ကို အတည်ပြုပေးထားတာပါ။

play

 

မန်ယူအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာက ပြီးခဲ့တဲ့သောကြာနေ့က စပြီး အသင်းန့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သြဂုတလ ၁၉ ရက်နေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာတော့ ပေါ့ဂ်ဘာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့သိရပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ