EPL: ဝက်စ်ဟမ်းနှင့် ပွဲဦးထွက်ကို စိုးရိမ်မိဟု ချယ်လ်ဆီးနည်းပြ ဝန်ခံ

ကွန်တီအတွက် ပထမဆုံး အတွေ့အကြုံဖြစ်လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် စိုးရိမ်ပူပန်မှုရှိကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ဝန်ခံပြောကြားလိုက်ပါတယ်။ ရာသီသစ်အတွက် ပထမဆုံးအဖွင့်ပွဲ ဖြစ်သလို နည်းပြသစ်ဖြစ်လာတဲ့ ကွန်တီအတွက်လည်း ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။

တစ်ခါမှ အတွေ့အကြုံမရှိဖူးတဲ့ လိဂ်ပြိုင်ပွဲ အသစ်တစ်ခုမှာ၊ အသင်းသစ်တစ်သင်းနဲ့ ပထမဆုံးပွဲစဉ်ကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အေးအေးလူလူမနေနိုင်ပဲ စိတ်ပူနေရတယ်လို့ ကွန်တီက ပြောခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ဝက်စ်ဟ်မ်းပွဲစဉ်က လာမယ့် တနင်္လာနေ့ညမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play

 

ဒီပွဲမတိုင်ခင်အထိတော့ ကောင်းကောင်းအိပ်စက်လို့ ရဦးမှာမဟုတ်ဘူးလို့လည်း ကွန်တီက ပြောပါသေးတယ်။ " ကျွန်တော် အေးအေးဆေးဆေးတော့ မနေနိုင်ပါဘူး။ ဒီရာသီသစ်အတွက် ကျွန်တော်တို့ အရမ်းကို ကြိုးစားထားကြတာပါ။ ဒါတောင်မှ ရာသီအစပိုင်းအတွက် ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေတဲ့အပိုင်းတွေအများကြီး ကျန်နေပါသေးတယ်" လို့ ကွန်တီက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ