EPL: မန်ယူကစားသမားဟောင်း ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့် ဆန်းဒါးလန်းကို မန်စီးတီး အနိုင်ရ

, updated

ဂျာမိန်းဒီဖိုးရဲ့ ချေပဂိုးကြောင့် မန်စီးတီးအနိုင်ရဖို့အတွက် နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

play

 

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဒေးဗစ်မိုယက်စ်ရဲ့ ဆန်းဒါးလန်းအသင်းကို နောက်ကျအနိုင်ဂိုးနဲ့ ကပ်ပြီး အနိုင်ရခဲ့ပါတယ်။

play

 

ပွဲစပြီး သုံးမိနစ်မှာတင် မန်စီးတီးကစားသမား စတာလင်ကို ဆန်းဒါးလန်းနောက်ခံကစားသမား ဗန်အန်ဟော့ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို အဂူရိုကကန်သွင်းယူပြီး မန်စီးတီးကို အဖွင့်ဂိုး ရစေခဲ့တာပါ။

play

 

မန်စီးတီးဘက်ကမှာ အဂူရို၊ ဒီဘရိုင်း၊ စတာလင် စတဲ့အမာခံ ကစားသမားတွေ ပွဲထွက်ခဲ့သလို ဆန်းဒါးလန်းကလည်း ဝါရင့်တိုက်စစ်မှူး ဒီဖိုးကို အထောင်ထားပြီး မန်ယူက ခေါ်ယူထားတဲ့ ဒန်နီလက်ဗ်ကို ထည့်သွင်း ကစားခဲ့ပါတယ်။

ပထမပိုင်းအတွက် မန်စီးတီးလည်း ဂိုးတွေထပ်ရဖို့ အခွင့်အရေး ရခဲ့သလို ဆန်းဒါးလန်းလည်း အခွင့်အရေး ရခဲ့ပေမဲ့ အဆုံးသတ်မသေချာလို့ မချေပနိုင်ခဲ့ပါဘူး။

play

 

ပွဲချိန် ၇၁ မိနစ်မှာတော့ မန်စီးတီးအသင်း မထင်မှတ်ဘဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဆန်းဒါးလန်းကစားသမား ရော့ဒ်ဝဲလ်က မန်စီးတီးနောက်ခံကစားသမားတွေကြားရောနေတဲ့ ဒီဖိုးဆီက ဘောလုံးရအောင်ပေးလိုက်တဲ့အခါ ဒီဖိုးက တည်တည်ငြိမ်ငြိမ်နဲ့ဘောလုံးထိန်းပြီး သွင်းယူသွားခဲ့တာတာပါ။

play
play

 

ဒါပေမဲ့လည်း မန်စီးတီးက ပွဲပြီးခါနီး မိနစ်ပိုင်းအလို ၈၇ မိနစ်မှာ အနိုင်ဂိုး ပြန်ရခဲ့ပါတယ်။ မန်ယူအသင်းက ခေါ်ယူထားတဲ့ နောက်ခံကစားသမား မက္ကနဲရ်က ကိုယ့်ဂိုးကိုယ် သွင်းမိသွားတာပါ။ မန်စီးတီး ညာတောင်ပံက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိလိုက်ပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ