EPL: အာဆင်နယ် ၃-၄ လီဗာပူးပွဲစဉ်အပြီး ရခဲ့သည့် သင်ခန်းစာ (၃) ခု

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အနိုင်ရဖို့ ရုန်းကန်ရတယ်ဆိုတာ အသင်းကြီး၊ အသင်းငယ်အားလုံး ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် အဖွင့်ပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့နောက် အိမ်ကွင်းမှာ အံ့အားသင့်ဖွယ်  အရှုံးကို ကြုံခဲ့ရတဲ့အသင်းက အာဆင်နယ်ဖြစ်ပါတယ်။ လီဗာပူးကို မိနစ် ၂၀ လောက်အတွင်း သုံးဂိုးပေးလိုက်ရပြီးနောက် အာဆင်နယ်အသင်း အရှုံးကို ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။

play

 

ပွဲပြီးတဲ့အခါ အသင်းပရိသတ်အချို့ရဲ့ လှောင်ပြောင်မှုကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ အာဆင်နယ် ၃-၄ လီဗာပူး ပွဲစဉ်က ပေးလိုက်တဲ့ သင်ခန်းစာ (၃) ခုရှိပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းအတွက် ရလာတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။

၁။ လူငယ်များအပေါ် အားကိုးလွန်းခြင်း

play

 

အသင်းမှ ဗဟိုနောက်ခံကစားသမား မရှိပေမဲ့ အာစင်ဝင်းဂါးက ဟိုးလ်ဒင်းနဲ့ ချမ်ဘာတို့အတွဲကို ဗဟိုနောက်ခံနေရာမှာ ပွဲထွက်စေခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက ခြေစွမ်းကောင်းမွန်ပေမယ့် တည်ငြိမ်မှု အားနည်းတာကြောင့် သူတို့အတွဲ အမှားတွေကနေ သုံးဂိုးလောက်အထိ ပေးခဲ့ရတာဖြစ်ပါတယ်။

၂။ အာစင်ဝင်းဂါး အနာဂတ်

play

 

ဒီရာသီဟာ အာစင်ဝင်းဂါးအတွက် အာဆင်နယ်နည်းပြဘဝ ၂၁ ရာသီမြောက် ဖြစ်ပါတယ်။ စာချုပ်ကလည်း တစ်နှစ်သာ ကျန်ပါတော့တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှ အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ဒါရိုက်တာတွေရဲ့ ထောက်ခံမှု အရဆုံး နည်းပြကလည်း အာစင်ဝင်းဂါး ဖြစ်ပါတယ်။ ဒီနှစ်လည်း အာစင်ဝင်းဂါးရဲ့ လူဝယ်မှု ပေါ်လစီဟာ ခေတ်အလိုက် မပြောင်းလဲဘဲ ဆုဖလားလဲ မရဖြစ်နေဦးမယ် ဆိုရင်တော့ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ နောက်တစ်နှစ်အထိ မသေချာတော့ဘူးလို့ ဆိုနိုင်ပါတယ်။

၃။ ပွဲထွက်စာရင်း

play

 

ကွင်းလယ် ပွဲထွက်စာရင်းမှာ အီဝိုဘီ၊ ရမ်ဆေးနဲ့ ဝါးလ်ကော့တို့ကို အာဆင်ဝင်းဂါး ပွဲထုတ်ခဲ့ပါတယ်။ နောက်ပြီး အီနန်နီနဲ့ ကိုကီလင်းတို့ကို ကွင်းလယ်ခံစစ်အားဖြည့်ဖို့ ထားခဲ့တာပါ။ ဒုတိယပိုင်း ရောက်မှာ ကာဇိုလာနဲ့ ရှာခါတို့ကို ထည့်သွင်းကစားခဲ့တာ တွေ့ရပါတယ်။ ဒီကစားသမားတွေဝင်လာပြီးနောက်ပိုင်း အာဆင်နယ်တိုက်စစ်ပိုမြိုင်လာပြီး သုံးဂိုးမြောက်ဂိုး ရသွားခဲ့ပါတယ်။  ပွဲထွက်စာရင်းကို အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့မယ်ဆိုရင် ဒီပွဲအဖြေက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။

Source : SBnation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ