EPL: မန်ယူရောက်ပြီးနောက် လူမှုရေးဖောက်ပြန်ခဲ့သည့် တိုက်စစ်မှူး မာရှယ်အကြောင်းကိုချစ်သူဟောင်းက ဖွင့်ချ

မန်ယူအသင်းဟာ သူမရဲ့ ဘဝတစ်ခုလုံးကို ဖျက်ဆီးပြောင်းလဲ ပစ်လိုက်တာလို့ ဆမန်သာက ပြောပါတယ်။

play

 

မန်ယူအသင်းတိုက်စစ်မှူး မာရှယ်ရဲ့ ချစ်သူဟောင်းဖြစ်သူ ဆမန်သာက သူတို့နှစ်ဦး ဆက်ဆံရေး ပြိုကွဲပျက်စီးသွားပုံ အသေးစိတ်ကို The Sun သတင်းစာထံ ဖွင့်ဟလိုက်ပါတယ်။

play

 

တိုက်စစ်မှူး မာရှယ်တစ်ယောက် မန်ယူအသင်းကို ပြောင်းရွှေ့လာခြင်းဟာ သူမတို့နှစ်ဦးသားရဲ့ အချစ်ကို ပြိုလဲစေခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ဆမန်သာက ပြောပါတယ်။

play

 

သူမထံမှာတိုက်စစ်မှူး မာရှယ်ရဲ့ သမီးငယ်လေးတစ်ဦးလည်း မွေးဖွားထားပါတယ်။

play

 

အင်္ဂလန်မှာ ဘောလုံးသမားတွေဟာ လူအများစိတ်ဝင်စားခံရသူတွေ ဖြစ်ကြပြီး များပြားလှတဲ့ ဝင်ငွေတွေ ရရှိတာကြောင့် အမျိုးသမီးငယ်တွေကလည်း ဘောလုံးသမားတွေနဲ့ ပတ်သက်ဖို့ ကြိုးစားကြတယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ပဲ မာရှယ်နဲ့ သူမတို့ အချစ်ရေးဟာ မန်ယူအသင်းကိုရောက်ပြီး သိပ်မကြာခင်မှာ ပြိုကွဲခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

အစောပိုင်းတုန်းက ဖော်ပြခဲ့တဲ့ သတင်းတွေအရ တိုက်စစ်မှူး မာရှယ်ဟာ မန်ယူကို ရောက်လာပြီးနောက် X Factor အစီအစဉ်က ကြယ်ပွင့် အမ်မလီဝါဒေမွန်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ