EPL: လီဗာပူးကို ရှုံးပြီး အပြန်တွင် ဂိုးသမားပီတာဆက်ခ်ျ ကားမတော်တဆမှု ဖြစ်ပွား

လီဗာပူးကို ရှုံးပြီးနောက် အမ်းမရိတ်ကွင်းထဲကအထွက်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

လီဗာပူးအသင်းကို အာဆင်နယ်က ၃-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျအတွက် နောက်ထပ် ဖြစ်ရပ်ဆိုး တစ်ခု ရင်ဆိုင်လိုက်ရပြန်ပါတယ်။

play

 

ပွဲပြီးဆုံးလို့ အမ်းမရိတ်ကွင်းထဲက အထွက်မှာ ပီတာဆက်ခ်ျကာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ ပီတာဆက်ခ်ျ စီးနင်းလာတဲ့ Audi A7 အမျိုးအစား ဇိမ်ခံကားဟာ အမ်းမရိတ်ကွင်း မြေအောက်ကားပါကင်က အထွက်မှာ မတော်တဆမှု ကြုံခဲ့ရတာဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းဘက်ကို လေးဂိုးပေးခဲ့ရလို့ ဖိအားများခဲ့တဲ့ ဂိုးသမား ပီတာဆက်ခ်ျအတွက် မိနစ်ပိုင်းအတွင်း နောက်ထပ် အဖြစ်ဆိုးတစ်ခု ကြုံခဲ့ရတာပါ။ ကားပါကင်မှာရှိတဲ့ အုတ်တိုင်ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကားပျက်စီးသွားခဲ့ပေမဲ့ လူတွေကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ