EPL: ရဲတပ်ဖွဲ့၏ လျှပ်စစ်သေနတ်ဖြင့် အပစ်ခံရပြီးနောက် အက်စတွန်ဗီလာ ကစားသမားဟောင်း သေဆုံး

သူ့ထံမှာ နှလုံးအားနည်းတဲ့ ရောဂါလည်း ရှိနေခဲ့တာလို့ သိရပါတယ်။

play

 

အက်စတွန်ဗီလာ ကြယ်ပွင့်ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ ဘောလုံးသမားဟောင်း ဒါလီယန်အက်ကင်ဆန်ဟာ ရဲတပ်ဖွဲ့က လျှပ်စစ်သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

သေဆုံးချိန်မှာ ဒါလီယန်က သက် ၄၈ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ လုံခြုံရေး အကြောင်းပြချက်နဲ့ အရေးပေါ်ဌာနမှာ ဖုန်းလက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ ဘောလုံးသမားဟောင်း ဒါလီယန်ရဲ့နေအိမ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အိမ်နီးချင်းတစ်ဦးရဲ့ အဆိုအရ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒါလီယန်ကို ဖိနပ်တွေနဲ့ကန်ကျောက်ခဲ့ပြီး လျှပ်စစ်သေနတ်နဲ့လည်း အကြိမ်ရေအနည်းငယ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါလီယန်မှာ ကျောက်ကပ်ရောဂါရှိနေပြီး ဆေးကုသမှု ခံယူနေရကာ နှလုံးအားနည်းတဲ့ရောဂါလည်း ရှိနေခဲ့တယ်လို့ တူဖြစ်သူ ဖေဘီယန်အက်ကင်ဆန်က ပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒီလိုဖမ်းဆီးမှုလုပ်မယ်ဆိုရင် လူနာတင်ယာဉ်လည်း အဆင်သင့် ပြင်ထားသင့်ကြောင်း တူဖြစ်သူဖေဘီယန်က ဝေဖန်ထားပါတယ်။

play

 

ဒါလီယန်သေဆုံးပြီးနောက် အသင်းဟောင်း အက်စတွန်ဗီလာအပါအဝင် ဘောလုံးလောက ထင်ရှားသူ အချို့က ဝမ်းနည်းကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ