EPL: ချယ်လ်ဆီးအနိုင်ဂိုးရှင် ကော်စတာ အနီကတ်ပြခံရသင့်ဟု ဝက်စ်ဟမ်းနည်းပြ ဝေဖန်

ချယ်လ်ဆီးက ကော်စတာရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

play

 

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပြိုင်ဘက်ဝက်စ်ဟမ်း ကစားသမားအပေါ် ဥပဒေပ ကစားခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာဟာ ကွင်းထဲက အထုတ်ခံခဲ့ရသင့်တယ်လို့ ဝက်စ်ဟမ်းအသင်းနည်းပြက ဝေဖန်လိုက်ပါတယ်။ ဝက်စ်ဟမ်းနည်းပြအပြင် ဘောလုံးဝေဖန်သုံးသပ်သူအများအပြားလည်း ကော်စတာရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတယ်။

play

 

ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့ပွဲစဉ်မှာ ပွဲပြီးခါနီးအထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပေမဲ့ ၈၉ မိနစ်အရောက်မှာ ကော်စတာက အနိုင်ဂိုးသွင်းယူခဲ့လို့ ချယ်လ်ဆီး နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အနိုင်ဂိုးမသွင်းခင်မှာ တိုက်စစ်မှူး ကော်စတာက ဝက်စ်ဟမ်းဂိုးသမား အက်ဒရီယန်ကို ပြစ်ဒဏ်ထင်ထင်ရှားရှား ကျူးလွန်မိခဲ့တဲ့အတွက် အနီကတ်ပြခံရသင့်တယ်လို့ နည်းပြဘီလစ်က ဝေဖန်တာဖြစ်ပါတယ်။ ကော်စတာဟာ ဒီမတိုင်ခင်မှာ အဝါကတ် တစ်ကြိမ် ပြခံထားရပြီးပြီ ဖြစ်လို့ အနီကတ်အပြခံရနိုင်ချေအတွက် နီးစပ်ခဲ့တာပါ။

play

 

" သူက အဝါကတ်တစ်ခါ ပြခံထားရပြီးပြီလေ။ ဂိုသမားဆီကို သူဘောလုံးဝင်လုတာလည်း အရမ်းနောက်ကျပါတယ်။ ဆယ်ခါမှ ကိုးခါလောက်က ဒီလိုအပြုအမူမျိုးဆိုရင် အဝါကတ်ပါပဲ" လို့ ဘီလစ်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ