EPL: ငွေကြေးကြောင့် အဲဗာတန်ကို ပြောင်းလာတာ မဟုတ်ဘူးလို့ ဘိုလာဆီပြော

ဘိုလာဆီက ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အတွက် ၅ ဂိုးသွင်းယူပေးနိုင်ခဲ့သူပါ။

play

 

ခရစ္စတယ်ပဲလေ့စ်အသင်း တောင်ပံတိုက်စစ်ကစားသမား ယန်နစ်ဘိုလာဆီကို အဲဗာတန်အသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဘိုလာဆီရဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းက စုစုပေါင်းတန်ကြေး ပေါင်သန်း ၃၀ လောက်ပေးချေရမယ်လို့ သိရပါတယ်။

play

 

ဘိုလာဆီက အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်းအတွက် ဒီရာသီအပြောင်းအရွှေ့ လေးဦးမြောက် ကစားသမားသစ် ဖြစ်လာခဲ့သူပါ။ ဘိုလာဆီရဲ့ အရှေ့မှာ အဲဗာတန်အသင်းက အက်ရှလေဝီလျံ၊ အီဒရစ်ဆာဂူရီနဲ့ စတီကယ်လန်ဘာ့ဂ်တို့ကို ခေါ်ယူထားပါသေးတယ်။

play

 

အဲဗာတန်အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုပြီးနောက် တွေ့ဆုံမေးမြန်းခန်းမှာ ဘိုလာဆီက သူအဲဗာတန်အသင်းကို ရွေးချယ်ခဲ့တာ ငွေကြေးကြောင့် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ " ဒါဟာ ငွေကြေးကြောင့် ဖြစ်လာတဲ့ အပြောင်းအရွှေ့ မဟုတ်ပါဘူး။ ကလပ်အသင်းတစ်သင်းရဲ့ အောင်မြင်မှုလိုလားတဲ့ ပုံစံကို နှစ်သက်တဲ့အတွက် ပူးပေါင်းဖို့ ရောက်လာတာပါ။ ကျွန်တော်ကတော့ ဘောလုံးကစားရရင်ကို ပျော်နေတာပါပဲ" လို့ ဘိုလာဆီက ပြောပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ