EPL: အာစင်ဝင်းဂါးကို အာဆင်နယ်ပရိသတ်များ မေးသင့်သည့် မေးခွန်း (၅) ခု

ရာသီသစ်အတွက် အာဆင်နယ်ကစားသမားတွေ အဆင်သင့်မဖြစ်သေးဘူးလို့ အာစင်ဝင်းဂါးက ဝန်ခံထားပြီး ဘယ်တော့မှ အဆင်သင့်ဖြစ်မလဲဆိုတာလည်း မသိဘူးလို့ ပြောထားပါတယ်။

play

 

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လီဗာပူးအသင်းကို ၃-၄ ဂိုးနဲ့ ရှုံးပြီးနောက် အာဆင်နယ်အသင်းရဲ့ ရာသီအကြိုပြင်ဆင်မှုအပေါ် ဝေဖန်မှုတွေက ဆက်လက်မြင့်တက်လျှက်ရှိပါတယ်။ အထူးသဖြင့် ပြိုင်ဘက်အသင်းတွေက ငွေကြေးပုံအောပြီး အင်အားဖြည့်တင်းနေချိန်မှာ အာဆင်နယ်က ရှာခါလို ကစားသမားတစ်ဦးသာ လောက်လောက်လားလား ခေါ်ယူထားနိုင်တာကြောင့် အသင်းအပေါ် ဝေဖန်မှု မြင့်တက်နေချိန်မှာ ရှုံးပွဲပါထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းစာရဲ့ ဆောင်းပါးရှင် ခရစ္စကတ်မိုးဖော်ပြချက်အရ အာစင်ဝင်းဂါးကို မေးသင့်တဲ့ မေးခွန်း (၅) ခုရှိတယ်လို့ ဆိုပါတယ်။

၁။ ဘာလို့ အဆင်သင့်မဖြစ်သေးတာလဲ

play

 

ရှုံးပွဲတွေပြီးတဲ့နောက် အာဆင်နယ်အသင်း ရာသီသစ်အတွက် အဆင့်သင့်မဖြစ်သေးဘူလို့ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။ အိုဇေး၊ ဂျီရုဒ်၊ ကိုစီရယ်နီတို့ကို ဒီပွဲမှာ မထည့်နိုင်ခဲ့လို့ အားနည်းခဲ့ပေမဲ့ တစ်သင်းလုံး အဆင်သင့်မဖြစ်သေးဘူးလို့ ပြောခဲ့တာပါ။ ရာသီအကြိုပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရခဲ့တုန်းကတော့ အာဆင်နယ်ကစားသမားတွေ အဆင်သင့်ဖြစ်နေပြီလို့ သူထင်ကြောင်း အာစင်ဝင်းဂါးက ပြောခဲ့ပါသေးတယ်။

၂။ ဘာကြောင့် ဒဏ်ရာရကစားသမား များနေတာလဲ

play

 

လီဗာပူးနဲ့ပွဲမှာ အာဆင်နယ်အသင်းက အသင်းအဓိကကစားသမား အတော်များများကို ပွဲထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝဲလ်ဘက်၊ ဂါဘရီရယ်၊ မာတီဆက်ကာ၊ ယန်ကင်ဆန် စတဲ့ကစားသမား အများအပြားကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရခဲ့ပြီး ဝီရှိုင်းယားကိုလည်း ကြံ့ခိုင်မှု အခြေအနေကြောင့် မထည့်သွင်းခဲ့ဘူးလို့ ယူဆရပါတယ်။ 

၃။ နောက်ခံကစားသမား မခေါ်ရသည့် အကြောင်းအရင်း

play

 

အသင်းမှာ ပွဲထွက်ဗဟိုနောက်ခံကစားသမား မာတီဆက်ကာ၊ ကိုစီရယ်နီတို့အပြင် ဂါဘရီရယ်တို့လည်း ဒဏ်ရာရနေချိန်မှာ ဘာကြောင့် ထိပ်သီးနောက်ခံကစားသမားတစ်ဦး ထပ်မခေါ်ရလဲဆိုတာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါကို မေးမြန်းသင့်ပါတယ်။ ချမ်ဘာနဲ့ ဟိုးလ်ဒင်းအတွဲက ခြေစွမ်းတောက်ပလာမယ့် ဗဟိုနောက်ခံ ကစားသမားတွေဖြစ်ပေမဲ့ ပရီးမီးယားလိဂ်တစ်ရာသီလုံး ကစားဖို့တော့ အတွေ့အကြုံ မလုံလောက်သေးပါဘူး။

၎။ တိုက်စစ်မှူးသစ် မခေါ်ရသည့် အကြောင်းရင်း

play

 

အသင်းမှာ တိုက်စစ်မှူး စစ်စစ်အဖြစ် သုံးလို့ရတဲ့ ဂျီရုဒ်နဲ့ ဝဲလ်ဘက် အပြင် အတွေ့အကြုံနုတဲ့ ဆာနိုဂိုတို့ သုံးဦးရှိပါတယ်။ ဝဲလ်ဘက်က ဒဏ်ရာရနေပြီး ဂျီရုဒ်ကလည်း အဆင်သင့်မဖြစ်သေးပါဘူး။ ဒီအချိန်မှာ ဆန်းချက်ဇ်ကိုတိုက်စစ်မှာ တစ်ဦးတည်းပွဲထွက်စေခဲ့ပါတယ်။ လီယွန်က တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူချင်ပေမဲ့ ငွေကြေးညှိနှိုင်းမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

၅။ ဝါးလ်ကော့ကို ပင်နယ်တီ မကန်ခိုင်းရခြင်း အကြောင်းရင်း

play

 

လီဗာပူးနဲ့ပွဲမှာ ဘာကြောင့် ဆန်းချက်ဇ်ကို ပင်နယ်တီ ကန်ခိုင်းပြီး ဝါးလ်ကော့ကို မကန်ခိုင်းလဲဆိုတဲ့ အကြောင်းရင်းကိုလည်း အာစင်ဝင်းဂါး ဖြေသင့်ပါတယ်။ အဆိုပါ အင်္ဂလန်ကစားသမားရဲ့ ကိုယ်ဟန်အနေအထားနဲ့ ပင်နယ်တီကန်ပုံဟာ ထိပ်သီးအဆင့်ကို မပိုင်ဆိုင်ထားပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ