EPL: ပင်နယ်တီ နှစ်ကြိမ်မဝင်သည့် အဂူရိုကို ပင်နယ်တီ ဆက်ကန်ခွင့် ပေးမည်ဟုဆို

စတူအာဘူခါရက်စ်နဲ့ ပွဲစဉ်မှာ အဂူရိုက ပင်နယ်တီနှစ်ကြိမ်လွဲခဲ့တာပါ။

play

 

စတူအာ ဘူခါရက်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပင်နယ်တီနှစ်လုံးဆက်တိုက် လွဲချော်ခဲ့ပေမဲ့ ပင်နယ်တီကန်သွင်းခွင့်ကို ပိတ်ပင်သွားမှာ မဟုတ်ပါဘူးလို့ နည်းပြဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

play

 

အဂူရိုက ပင်နယ်တီတွေ လွဲချော်ခဲ့ပေမဲ့ ပြန်လည်ကြိုးစားကစားပေးခဲ့လို့ ဟက်ထရစ်သွင်းကာ ပြိုင်ဘက်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပထမအဆင့် ရှုံးထွက်ပြိုင်ပွဲမှာ စတူအာဘူလခါရက်စ်ကိ ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကို ရောက်ရှိဖို့အတွက် အလားအလာ ကောင်းသွားပြီ ဖြစ်ပါတယ်။

play

 

"အဂူရိုသာ ဆက်ပြီး ယုံကြည်မှုရှိရှိ ကစားမယ်ဆိုရင် ကျွန်တော်လည်း ယုံကြည်မှု ရှိမှာပါ။ တာဝန်ယူမှုအပြည့်ရှိရှိနဲ့ ကစားတဲ့ ကစားသမားမျိုးကို ကျွန်တော်သဘောကျပါတယ်။ ပင်နယ်တီနှစ်လုံးလွဲပေမဲ့ သူပြန်ပြီး ပေးဆပ်ကစားခဲ့ပါတယ်။ သူ့ကို ဒီအတိုင်းပဲ ကျွန်တော်ဆက်တာဝန်ပေးချင်ပါတယ်" လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ