EPL: လီဗာပူးကို သစ္စာဖောက်သည့်ပုံစံဖြစ်အောင် အသင်းဘက်က ကြံစည်ထားခဲ့ခြင်းဖြစ်ဟု တောရက်စ်ဖွင့်ဟ

လီဗာပူးအသင်းဘက်ကသာ မိမိကိ အသိမပေးပဲ ချယ်လ်ဆီးနဲ့ လျှို့ဝှက်ဆွေးနွေးနေခဲ့တာလို့ တောရက်စ်က ပြောပါတယ်။

play

 

လီဗာပူးအသင်းကို စွန့်ခွာပြီး ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဟာ မိမိအနေနဲ့အသင်းအပေါ် သစ္စာဖောက်ခဲ့တာမျိုး မဟုတ်ဘူးလို့ တိုက်စစ်မှူးဟောင်း တောရက်စ်က ပြောကြားလိုက်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ရတဲ့ ကိစ္စမှာ ပရိသတ်တွေအနေနဲ့ မိမိကို သစ္စာဖောက်လို့ ထင်မြင်သွားအောင် အသင်းဘက်က လှည့်စားခဲ့တာလို့ တောရက်စ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ခြေစွမ်းတွေ ပြနေခဲ့တဲ့ တောရက်စ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီအချိန်တုန်းက လီဗာပူးအသင်းရဲ့ ရှယ်ယာအချို့ကို New England Sports Ventures (ယခု Fenway Sports Group) က ဝယ်ယူလိုက်တာဖြစ်ပြီး အသင်းမှာ အပြောင်းအလဲတွေ လုပ်နေခဲ့ချိန်ဖြစ်ပါတယ်။ အသင်းမှာ ခြေစွမ်းပြနေတဲ့ မာရှေယာနိုကို ဘာစီလိုနာအသင်းထံ ရောင်းချလိုက်ကတည်းက သူ့ရဲ့စိတ်ပျက်မှုအချို့ စတင်ခဲ့တာဖြစ်တယ်လို့ တောရက်စ်က ပြောပါတယ်။

play

 

ပိုင်ရှင်အသစ်တွေက အသင်းကိုပြန်လည် တည်ဆောက်ကာ လူငယ်ကစားသမားတွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ချိန်မှာပဲ မိမိရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာခဲ့တာလို့ တောရက်စ်က ဖွင့်ဟထားပါတယ်။ " သူတို့က လူငယ်ကစားသမားတွေနဲ့ အသင်းကို အားဖြည့်ချင်နေတာ။ ကျွန်တော့်က အဲဒီအချိန်မှာ အသက် ၂၇ နှစ်ရှိနေပြီလေ။ အချိန်လည်း သိပ်မရှိတော့ဘူး" လို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ မိမိကို အသိမပေးပဲချယ်လ်ဆီးအသင်းနဲ့ ကနဦး လျှို့ဝှက်ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း တောရက်စ်က ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ