EPL: မန်ယူနှင့်အပြိုင် အာဆင်နယ်လည်း ခေါ်ယူရန် ကြိုးပမ်းနေသည့် ဆောက်သမ်တန် နောက်ခံလူ

ဒဏ်ရာရကစားသမား များနေတဲ့ အာဆင်နယ်ကလည်း အရေးပေါ် နောက်ခံကစားသမားတစ်ဦး လိုအပ်နေပါတယ်။

play

 

ဆောက်သမ်တန်အသင်း နောက်ခံကစားသမား ကွန်တီကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ မန်ယူအသင်းအပြင် အာဆင်နယ်အသင်းလည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။

ရာသီစတင်ချိန်မှာ အာဆင်နယ်အသင်းက နောက်ခံကစားသမား လိုအပ်ချက်ကို အရေးပေါ် ကြုံတွေ့နေရတာကြောင့် မန်ယူအသင်းနဲ့အပြိုင် နောက်ခံလူ ဖွန်တီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ဖလားကိုရထားတဲ့ ဖွန်တီကို ဆောက်သမ်တန်အသင်းဘက်က လက်မလွှတ်ချင်တဲ့အတွက်စာချုပ်သစ်နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖွန်တီကတော့ ဆောက်သမ်တန်အသင်းကို စွန့်ခွာဖို့ စဉ်းစားနေပြီလို့ ဒေးလီးမစ်ရာ သတင်းစာက ဖော်ပြပါတယ်။

play

 

ဆောက်သမ်တန်ဘက်က စာချုပ်အသစ်နဲ့ ကမ်းလှမ်းထားမှုကို ဖွန်တီလက်က လက်ခံမယ်ဆိုရင်အသင်းမှာ လစာအများဆုံးရတဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာပါ။ ဒါပေမဲ့ မန်ယူနည်းပြ မော်ရင်ဟိုကလည်း လွန်ခဲ့တဲ့နှစ်နှစ်က ခေါ်ယူထားတဲ့ ရိုဟိုက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် နောက်ထပ် နောက်ခံကစားသမားတစ်ဦး ဆက်လက်ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ