EPL: ရာသီသစ်မှာ ရွှေဖိနပ်ဆု ရနိုင်ချေရှိတဲ့ တိုက်စစ်မှူး (၅) ဦး

အသင်းမန်နေဂျာအသစ်တွေရဲ့လက်အောက်မှာ ခြေစွမ်းပြတဲ့ ကစားသမားတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။

 

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီ စတင်လို့ ပထမဆုံးပွဲစဉ် ပြီးဆုံးသွားချိန်မှာ အာဆင်နယ်တစ်သင်းကလွဲလို့ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူး စတဲ့အသင်းအားလုံးက နိုင်ပွဲရခဲ့ကြပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးက နည်းပြအပြောင်းအလဲတွေဖြစ်ပြီး သူတို့ရဲ့နည်းစနစ်တွေနဲ့ အသင်းအသီးသီးက ထိပ်သီးတိုက်စစ်မှူးတွေ ဘယ်လောက်ခြေစွမ်းပြနိုင်မလဲ စိတ်ဝင်စားစရာပါ။ ဒီနှစ်ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဘုရင်ဖြစ်နိုင်ချေရှိတဲ့ တိုက်စစ်မှူး (၅) ကို ခန့်မှန်းဖော်ပြလိုက်ပါတယ်။

အဂူရို (မန်စီးတီး)

 

ပထမဆုံး ပွဲမှာတင်ဆန်းဒါးလန်းဘက်ကို ပင်နယ်တီဂိုးသွင်းပြီး ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ ပထမဆုံး ဂိုးကို အဂူရို စဖွင့်လိုက်ပါပြီ။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာလည်း ဟက်ထရစ်သွင်းခဲ့တဲ့အတွက် အဂူရိုရဲ့ ဂိုးသွင်းခြေစွမ်းဟာ ပိုကောင်း ကောင်းလာနေတဲ့ ပုံပါပဲ။ အဂူရို ဂိုးသွင်းဘုရင်ဖြစ်ဖို့အတွက် လောင်းကစားဒိုင်တွေက ၇ လေး ၂ လေး ပေးထားပါတယ်။

ဟယ်ရီကိန်း (စပါး)

 

ပြီးခဲ့တဲ့နှစ်ကလိုပဲ စပါးအသင်းရဲ့ ချန်ပီယံလမ်းကြောင်းမှာ ဟယ်ရီကိန်းရဲ့ ဂိုးသွင်းခြေစွမ်းက အရေးပါနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ မနှစ်က ရွှေဖိနပ်ဆု ရခဲ့တဲ့ ဟယ်ရီကိန်း ဒီနှစ်လည်း အနည်းဆုံး ဂိုး ၂၀ နဲ့ အထက်သွင်းနိုင်ဦးမယ်လို့ ယူဆရပါတယ်။

ဗာဒီ (လက်စတာ)

 

ဗာဒီရဲ့ လက်ရှိအမှတ်ပေးချန်ပီယံ လက်စတာကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တာထွက်မလှခဲ့ပါဘူး။ ဒါပေမယ့် ဗာဒီရဲ့ ဂိုးသွင်းခြေ မပျက်သေးဘူးဆိုတာကတော့ အင်္ဂလန်နဲ့ ယူရိုပြိုင်ပွဲမှာ တက်နိုင်သလောက် သက်သေပြခဲ့ပါသေးတယ်။

အီဗရာဟီမိုဗစ်ခ်ျ

 

အသက် ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့် မန်ယူအတွက် ဒီရာသီမှာ အားအကိုးရဆုံး ကစားသမားဖြစ်လာမယ်လို့ တွက်ဆထားကြပါတယ်။ မန်ယူနဲ့ပွဲဦးထွက်ခြေစမ်းပွဲမှာ ဂိုးသွင်းရုံသာမက ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း နောက်ဆုံးပိတ်ဂိုးကို သွင်းယူခဲ့သူပါ။

ကော်စတာ (သို့မဟုတ်) လူကာကူ

 

အထက်ပါ ကစားသမားလေးဦးထဲက မဟုတ်ရင်တော့ အခြားအသင်း ကစားသမားတွေဖြစ်တဲ့ အဲဗာတန်၊ တိုက်စစ်မှူး လူကာကူ၊ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာတို့လည်း ဂိုးသွင်းဘုရင် ဖြစ်နိုင်ချေ ရှိပါတယ်။

Source : EPlindex

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ