EPL: အာဆင်နယ်နှင့် ချယ်လ်ဆီး ခေါ်ယူချင်နေသည့် မာရက်ဇ် လက်စတာနှင့် စာချုပ်သစ် ချုပ်ဆို

လက်စတာအသင်းက လောလောဆယ် မရောင်းချလိုသေးတဲ့အတွက် စာချုပ်သစ်ချုပ်ပြီး ကစားသမားကို ဆက်ထိန်းလိုက်တာ ဖြစ်ပါတယ်။

play

 

လက်စတာအသင်းက ထွက်ခွာတော့မယ်လို့ နာမည်ကြီးနေတဲ့ ကွင်းလယ်ကစားသမား မာရက်ဇ်ဟာ အသင်းနဲ့ လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီးနောက် ကောလာဟလတွေကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

play

 

လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့နှစ်မှာပဲ ပရော်ဖက်ရှင်နယ်ကစားသမားများ အဖွဲ့ချုပ်က ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို မာရက်ဇ်က ရရှိခဲ့တာပါ။ ပထမချုပ်ဆိုထားတဲ့ စာချုပ်အရ မာရက်ဇ်ဟာ လက်စတာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသောင်းသာ ရရှိပြီး ၂၀၁၉ အထိ ချုပ်ဆိုထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းလယ်ဖန်တီးရှင် မာရက်ဇ်ကို အာဆင်နယ်ရော ချယ်လ်ဆီးအသင်းကပါ မျက်စိကျနေတဲ့အတွက် လက်စတာက စာချုပ်ကိုပြန်လည်ပြင်ဆင်ပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းအထိ တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

play

 

စာချုပ်သစ်အရ မာရက်ဇ်ဟာ လက်စတာအသင်းမှာ ၂၀၂၀ ပြည့်နှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၁၇ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးခဲ့တဲ့ မာရက်ဇ်ရဲ့ အပြောင်းအရွှေ့ပုံပြင်ဟာလည်း ဒီနှစ်တော့ ဒီနေရာမှာပဲ အဆုံးသတ်သွားပြီဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ