EPL: သောကြာနေ့ ကစားမည့် ဆောက်သမ်တန်နှင့်ပွဲအတွက် အဆင်သင့်ဖြစ်ပြီ ဟု ပေါ့ဂ်ဘာပြော

, updated

တစ်ကျော့ပြန်ပေါ့ဂ်ဘာအတွက် ပထမဆုံးပွဲထွက်ကစားမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။

play

 

မန်ယူအသင်းက လာမယ့်သောကြာနေ့ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မိမိ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကစားသမားသစ်ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။

play

 

ဒါပေမဲ့မိမိ ပွဲထွက်ခွင့် ရ၊ မရဆိုတာကိုတော့ အသင်းမန်နေဂျာကိုသာ မေးမြန်းဖို့လိုတယ်လို့ မန်ချက်စတာညနေခင်း သတင်းစာကို ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ယူကို ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ပွဲပယ်ခံထားရတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်နဲ့ နောက်ဆုံးပွဲစဉ်တွေမှာ အဝါကတ်ပြခံခဲ့ရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်နဲ့ ကစားမယ့် ပွဲစဉ် ၂ မှာတော့ ပြန်လည်ပါဝင်လာနိုင်မယ်လို့ အများက ခန့်မှန်းထားကြတာပါ။

play

 

 "ကျွန်တော်ပွဲထွက်ခွင့်ရ၊ မရဆိုတာကိုတော့ ခင်ဗျားတို့ မန်နေဂျာကိုမေးဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ဆယ်ရက်လောက် လေ့ကျင့်ခဲ့ပြီးတဲ့နောက် အားလုံးအိုကေနေပါပြီ။ နွေရာသီမှာ ပြိုင်ပွဲတွေနဲ့ အလုပ်ရှုပ်လေ့ရှိတာ မဆန်းပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း ကမ္ဘာ့ဖလား ကစားခဲ့ရသလို၊ သုံးနှစ်တုန်းကလည်း ယူ-၂၁ ကမ္ဘာ့ဖလား ကစားခဲ့ရတာပဲလေ" လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အသင်းရဲ့မျှော်မှန်းချက်က အမှတ်ပေးချန်ပီယံဖြစ်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်တယ်လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ