EPL: မန်စီးတီးဂိုးသမားဂျိုးဟတ် အသင်းမှထွက်ရန် နီးစပ်ပြီးနောက် ဘာစီလိုနာ ဂိုးသမား မန်စီးတီးရောက်လာတော့မည်

မန်စီးတီးအသင်းမှာ ပထမဂိုးသမားနေရာကို ကာလကြာရှည်ယူထားတဲ့ ဂိုးသမား ဂျိုးဟတ်ရဲ့ အနာဂတ်က အံ့အားသင့်ဖွယ် ပြောင်းလဲသွားခဲ့ပါတယ်။

play

 

မန်စီးတီးအသင်း ပထမဂိုးသမားဖြစ်တဲ့ ဂျိုးဟတ်ဟာ အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီးနောက် အသင်းကထွက်ခွာဖို့ ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။

play

 

မန်စီးတီးအသင်းရဲ့ ရာသီအစ အရေးပါတဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာ ဂိုးသမားဂျိုးဟတ်ကို နည်းပြဂွါဒီယိုလာက မထည့်သွင်းပဲ အသင်းရဲ့ ဒုတိယဂိုးသမား ကာဘယ်လာရိုကိုသာ ပွဲထွက်စာရင်းမှာ ထည့်သွင်းထားခဲ့တာပါ။ ဂိုးသမားဂျိုးဟတ်ကို စိတ်ကြိုက်မတွေ့တဲ့ နည်းပြဂွါဒီယိုလာဟာ ပထမဂိုးသမားတစ်ယောက်ကိုဆက်လက်ရှာဖွေနေပြီး သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာ ဂိုးသမား ဘရာဗိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။ အချို့သတင်းတွေအဆိုအရ ဘာစီလိုနာ ဂိုးသမား ဘရာဗိုကို ယခုတစ်ပတ်အတွင်း မန်စီးတီးက စာချုပ်ချုပ်ဆိုခေါ်ယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဂိုးသမားဂျိုးဟတ်ကို စပိန်ကလပ် ဆီဗီလာအသင်း၊ ဂျာမန်ကလပ် ဒေါ့မွန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်အသင်းကလည်း အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာ ကစားသမားကို မန်စီးတီးက ပေါင် ၁၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားတာ သေချာပြီ ဆိုရင်တော့ ဂျိုးဟတ်ဟာ အငှားသို့မဟုတ် အမြဲတမ်းစာချုပ်နဲ့ အသင်းပြောင်းဖို့သေချာသွားမှာ ဖြစ်ပါတယ်။

play

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ