EPL: ယနေ့ည ပွဲစဉ်တွင် ပေါ့ဂ်ဘာ ပွဲထွက်မည့်အကြောင်း မော်ရင်ဟို ရှင်းလင်း

ပေါ့ဂ်ဘာ ပွဲထွက်မယ့်အကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ရှင်းပြထားပါတယ်။

play

 

ယနေ့ည ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်-၂ မှာ ကစားသမားသစ် ပေါ့ဂ်ဘာ ပါဝင်လာမယ်လို့ နည်းပြမော်ရင်ဟိုက အတည်ပြုထားပါတယ်။

play

 

ပေါ့ဂ်ဘာက မန်ယူအသင်းနဲ့ ၁၁ ရက်လောက် လေ့ကျင့်ခဲ့ပြီးပြီဖြစ်လို့ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။ ဒါပေမဲ့လည်း ပေါ့ဂ်ဘာဟာ ပွဲဦးထွက်မှာပဲ မိနစ်ကိုးဆယ် ပွဲချိန်ပြည့် ကစားနိုင်မယ်လို့တော့ မမျှော်လင့်ထားဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်ယူနဲ့ လက်စတာကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာလည်း ကစားသမားအသစ်တွေ ထည့်သွင်းခဲ့ပြီး အဲဒီအချိန်တုန်းကဆိုရင် အခုပေါ့ဂ်ဘာ မန်ယူနဲ့ လေ့ကျင့်ခန်းဆင်းနေသလောက် အချိန်မရခဲ့သူတွေတောင် ရှိခဲ့တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း မန်ယူနဲ့ပွဲဦးထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ