EPL: အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နောက်ခံကစားသမားသစ် ခေါ်မည်ဟု အာစင်ဝင်းဂါး ကတိပေး

ပရိသတ်တွေ စိတ်အေးအေး ထားကြဖို့ အာစင်ဝင်းဂါးက ဖြောင်းဖျလိုက်ပါတယ်။

play

 

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အသင်းအတွက် လိုအပ်နေတဲ့ နောက်ခံကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ အသင်းမှာ ဗဟိုနောက်ခံ ကစားသမားတွေဖြစ်တဲ့ မာတီဆက်ကာနဲ့ ဂါဘရီရယ်တို့ ဒဏ်ရာရနေပေမဲ့ နောက်ခံကစားသမားသစ်ခေါ်ဖို့ ကြန့်ကြာနေတဲ့အတွက် ပရိသတ်တွေကို အာစင်ဝင်းဂါးက စိတ်အေးအေးထားဖို့ ပြောကြားလိုက်တာပါ။

play

 

အသင်းက အပြောင်းအရွှေ့အတွက် ငွေကြေးပမာဏ ဘယ်လောက်သုံးစွဲတယ်ဆိုတာ အဓိကမဟုတ်ဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ရွေးချယ် သုံးစွဲမှုကသာ အဓိကဖြစ်တယ်လို့ အာစင်ဝင်းဂါးက ခုခံပြောကြားထားပါတယ်။ အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဗလန်စီယာနောက်ခံလူ မူစတာဖီရဲ့ အပြောင်းအရွှေ့ကလည်း ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။

play

 

မိမိအပေါ် ဝေဖန်မှုတွေကို အမြဲလက်ခံနားထောင်လေ့ရှိပေမဲ့ ဝေဖန်မှုတွေဟာ အရှိတရားနဲ့ ကင်းကွာနေပြီး စိတ်ခံစားမှုတွေ များနေရင်တော့ နည်းလမ်းမှန်မှာ မဟုတ်ဘူးလို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

" ကျွန်တော် နည်းပြဘဝ လုပ်ဖူးခဲ့တဲ့ ကစားသမားအပြောင်းရွှေ့ ၄၀၀ လောက်မှာ အမှားအချို့ပါခဲ့ဖူးပါတယ်။ ၄၀၀ လောက်မှာ တစ်ခုမှ မမှားဘူးဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ မာတီဆက်ကာနဲ့ ဂါဘရီရယ်သာ ဒဏ်ရာမရဘူးဆိုရင် ကျွန်တော်တို့ နောက်ခံကစားသမားမခေါ်လို့ ဝေဖန်ခံရမှာ မဟုတ်ပါဘူး" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ