EPL: ပေါ့ဂ်ဘာခြေစွမ်းပြပြီး အီဗရာဟီမိုဗစ်ခ်ျ သွင်းဂိုးများဖြင့် မန်ယူအလွယ်တကူ နိုင်ပွဲရ

, updated

မန်ယူက ပွဲဦးထွက် နှစ်ပွဲမှာ အမှတ်ပြည့်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ်-၂ ကို မန်ယူနဲ့ဆာက်သမ်တန် သောကြောနေ့ညက ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် မန်ယူအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ယူအသင်းအတွက် နှစ်ဂိုးလုံးကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချက်က သွင်းယူပေးခဲ့တာဖြစ်လို့ မန်ယူအသင်း သက်သက်သာသာ နိုင်ပွဲရခဲ့တာပါ။

play

 

ဒီနေ့မှာ မန်ယူအသင်းအတွက် အသစ်ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာရဲ့ ပွဲထွက်လာပြီး ခြေစွမ်းပြကာ မိနစ်ကိုးဆယ်အထိ ကစားသွားနိုင်တာ တွေ့ရပါတယ်။ ပွဲစပြီး ၁၂ မိနစ်မှာတင် ပေါ့ဂ်ဘာက ဂိုးဧရိယာထဲမှာ ခြေယောင်ပြပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း အစောပိုင်းပွဲချိန်တွေမှာ ဆောက်သမ်တန်အသင်းကလည်း မန်ယူအသင်းကို ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ အဆုံးသတ်မသေချာလို့ ဂိုးတော့ မရခဲ့ပါဘူး။

play

 

၃၆ မိနစ်မှာ မန်ယူအသင်းအဖွင့်ဂိုး ရပါတယ်။ ညာခြမ်းကနေ ရွန်နေး ဖြတ်တင်လိုက်တဲ့ ဘောလုံးကို အီဗရာဟီမိုဗစ်ခ်ျက အလိုက်သင့် ခေါင်းခုန်တိုက်လိုက်ရာကတစ်ဆင့် ဂိုးရခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီနောက် ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာလည်း ဆောက်သမ်တန်အတွက် တာဒစ်က ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပေမဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။

play
play

 

၅၂ မိနစ်မှာ မန်ယူအသင်းအတွက် ပင်နယ်တီရပြီး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ပင်နယ်တီဧရိယာထဲ ဆွဲဝင်လာတဲ့ လုခ်ရှောကို ခလာစီက ပြစ်ဒဏ်ကျူးလွန်လို့ ပင်နယ်တီ ကန်ခွင့် ပေးခဲ့ရပါတယ်။ အီဗရာဟီမိုဗ်ခ်ျက အမှားအယွင်းမရှိ ကန်သွင်းပြီး ဆက်လက်ဦးဆောင်ခဲ့တာပါ။

play

 

ဆောက်သမ်တန်အသင်းနောက် အိုးထရက်ဖို့ဒ်မှာ လာကစားတဲ့နောက်ဆုံးနှစ်ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာကို ဒီနေ့ ဆက်မထိန်းနိုင် ဖြစ်ခဲ့ပါတယ်။ နည်းပြသစ် ကလောက်ဒီပူးလ်ကလည်း နိုင်ပွဲရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ