EPL: အာဆင်နယ်ကို ရေကုန်ရေခမ်း ယှဉ်ပြိုင်ဖို့ လက်စတာနည်းပြ ပြော

, updated

မနှစ်ကတော့ အာဆင်နယ်က လက်စတာကို နှစ်ကျော့လုံး အနိုင်ရထားတာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်-၂ မှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားဖို့ နည်းပြရေနီယာရီက လက်စတာကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလက်စတာက ချန်ပီယံဖြစ်ခဲ့ပေမဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့လုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုပြန်တွေ့တဲ့အချိန်မှာ အာဆင်နယ်အသင်းနဲ့ ကစားရတဲ့အခါ ခြေစွမ်းအကုန်ထုတ်ပြီး ရေကုန်ရေခမ်းယှဉ်ပြိုင်ဖို့ အဆိုပါ အီတလီနည်းပြက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

play

 

လက်စတာတိုက်စစ်မှူး ဗာဒီကို  အာဆင်နယ်က ခေါ်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ရေနီယာရီက ပယ်ချလိုက်ပြီး ကစားသမားကိုယ်တိုင်က ပရိတ်တွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်လို့ ဒီအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

play

 

" ဒီပွဲကို ရေကုန်ရေခမ်းကစားကြဖို့ ကျွန်တော့်ကစားသမားတွေကို တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နောက်တစ်ခါပြန်ပြီး တည်ဆောက်ကြရပါဦးမယ်။ ကျွန်တော်မသွားချင်တဲ့နေရာဆီကို ရောက်မသွားစေဖို့အတွက်ပေါ့" လို့ ရေနီယာရီက ဆိုပါတယ်။ လက်စတာနဲ့ အာဆင်နယ်အသင်းက ယနေ့ည ၁၁ နာရီမှာ ကစားကြမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ