EPL: ဖာဂူဆန်နှင့် ပြဿနာတက်သဖြင့် မန်ယူအသင်းကို စွန့်ခွာခဲ့ခြင်းမဟုတ်ဟု ပေါ့ဂ်ဘာရှင်းလင်း

, updated

လွန်ခဲ့တဲ့လေးနှစ်တုန်းက မန်ယူအသင်းကို စွန့်ခွာရတဲ့ အကြောင်းပြချက်ဟာ ဖာဂူဆန်နဲ့ ပြဿနာတတ်လို့ မဟုတ်ဘူးလို့ ပေါ့ဂ်ဘာက ပြောပါတယ်။

play

 

လွန်ခဲ့တဲ့ လေးနှစ်တုန်းက မန်ယူအသင်းက စွန့်ခွာခဲ့ရခြင်းဟာ အသင်းမန်နေဂျာဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပြဿနာတက်ခဲ့လို့ မဟုတ်ကြောင်း မန်ယူကစားသမားသစ် ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။ အများထင်သလို သူဟာ ဖာဂူဆန်နဲ့အ ဆင်မပြေခဲ့လို့ အသင်းကထွက်တာမဟုတ်ဘဲ ပွဲများများ ကစားဖို့အတွက် ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။

play

 

စကိုင်းစပို့တ် သတင်းဌာနကို ကိုယ်စားပြုပြီး ပေါ့ဂ်ဘာကိုအင်တာဗျူးဖို့ ရောက်လာတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နီနဲ့ မေးမြန်းခန်းအစီအစဉ်မှာ ပေါ့ဂ်ဘာက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ နည်းပြဟောင်း ဖာဂူဆန်ကိုတော့ သူ့ဘက်က အမြဲလေးစားလျှက်ပဲလို့ ပေါ့ဂ်ဘာက ပြောပါတယ်။

play

 

" သူ့အပေါ် လေးစားမှု အမြဲရှိပါတယ်။ အားလုံးပြောနေကြသလို ဆာအဲလက်စ်နဲ့ ကျွန်တော်ပြဿနာ ဖြစ်လို့ အသင်းကထွက်တာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်ပွဲများများ ကစားချင်နေပြီလေ။ ဆာအဲလက်စအတွက်ကျတော့ ကျွန်တော်က ကစားဖို့ စောသေးတယ်လို့ မြင်ချင်မြင်မှာပေါ့။ ကျွန်တော်အတွေးမှာတော့ နောက်ကျနေပြီလို့တွေးတယ်။ ဒီတော့ ကျွန်တော်ပွဲထွက်ကစားခွင့်ရမယ့် အခွင့်အလမ်းကို ရှာခဲ့တာပါပဲ" လို့ ပေါ့ဂ်ဘာက ပြောပြပါတယ်။

လွန်ခဲ့တဲ့လေးနှစ်မှာ မန်ယူကစားသမားဖြစ်ခဲ့ပေမဲ့ ပေါ့ဂ်ဘာဟာ ဖာဂူဆန်နဲ့ အဆင်မပြေမှုကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ