EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် အချက် (၅) ချက်

, updated

အာဆင်နယ်နဲ့ လက်ရှိချန်ပီယံ လက်စတာ တို့ တွေ့ရမယ့် ပွဲစဉ်လည်း ရှိနေပါတယ်။

play

 

အပြောင်းအလဲများစွာနဲ့ စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ်ဟာ ပွဲစဉ် -၂ ကို ရောက်ရှိလာခဲ့ပါပြီ။ သောကြာညမှာ အစောဆုံးပွဲစဉ်အဖြစ် ကစားသွားတဲ့ မန်ယူအသင်းက ဆောက်သမ်တန်ကို ၂-၀ ဂိုးနဲ့ သက်သက်သာသာ အနိုင်ယူသွားလို့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ် လက်ကျန်ကိုးပွဲအတွက် အဓိက စောင့်ကြည့်ရမယ့် အချက် (၅) ချက်ရှိပါတယ်။

၁။ ဟားလ်စီးတီး နိုင်ပွဲဆက်မလား

play

 

ရာသီသစ်ကို နည်းပြလက်မဲ့၊ ကစားသမားသစ်မရှိဘဲ ပြင်ဆင်မှု အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဟားလ်စီးတီးက အဖွင့်ပွဲမှာ လက်စတာကို နိုင်လိုက်လို့ အံ့အားသင့်ကုန်ကြပါတယ်။ ဒီတစ်ပတ် ဆွမ်ဆီးနဲ့ ပွဲကိုရော ဟားလ်စီးတီး ရလဒ်ကောင်းမလား စောင့်ကြည့်ရမှာပါ။

၂။ အာဆင်နယ် Vs လက်စတာ

play
play

 

ပြီးခဲ့တဲ့ နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့အသင်းနဲ့ ဒုတိယရခဲ့တဲ့အသင်းတို့ ဒီတစ်တပတ်တွေ့ရမှာပါ။ အဖွင့်ပွဲမှာ ဒီနှစ်သင်းလုံး ရှုံးပွဲတွေ့ထားလို့ ဖိအားများနေတာပါ။ ဖိအားများနေတဲ့နှစ်သင်းတွေ့ဆုံပွဲ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာပါ။

၃။ ချယ်လ်ဆီး ပြန်လာပြီလား

play

 

 ပထမဆုံးပွဲမှာ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့်သာ ချယ်လ်ဆီး ကပ်ပြီးအနိုင်ရခဲ့တာပါ။ ဝက်စ်ဟမ်းကို လွယ်လွယ်ကူကူ အနိုင်ရခဲ့တာမဟုတ်ပါဘူး။ ဒုတိယပွဲမှာ ချယ်လ်ဆီး ပုံမှန်ခြေစွမ်းပြန်ရပြီး မနှစ်က ကမောက်ကမဖြစ်ခဲ့တာကို ပြောင်းပြန်လှန်ပစ်မပစ်ဆိုတာ ဒီကနေ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အဖြေထွက်လာမှာပါ။

၎။ ပဲလေ့စ်ခြေပျက်နေပြီလား

play

 

အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘိုလာဆီနဲ့ ဂျေဒီနက်တို့ကို ရောင်းထုတ်လိုက်ပြီးနောက် အဖွင့်ပွဲမှ ခရစ္စတယ်ပဲလေ့စ်က ဝက်စ်ဘရွန်းကို ရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် စပါးနဲ့ပွဲမှာ အနိုင်မရရင်တော့ နည်းပြပါဂျူးဖိအား များသွားမှာပါ။

၅။ တပည့်ဟောင်းများနဲ့ တွေ့ရမယ့် ဂွါဒီယိုလာ

play

 

လက်ရှိ စတုတ်စီးတီး ကစားသမားတွေဖြစ်တဲ့ ဘိုဂျန်ကာကစ်၊ မူနီဆာ၊ အက်ဖယ်လေ၊ ရှာကီရီ စတဲ့ ကစားသမားတွေဟာ ဂွါဒီယိုလာရဲ့တပည့်ဟောင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ဂွါဒီယိုလာက  အသင်းသစ်မန်စီးတီးနဲ့ သူ့တပည့်ဟောင်းတွေကို ပြန်ရင်ဆိုင်ရတော့မှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ