play

 

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ရှုံးပွဲကိုယ်စီတွေ့ခဲ့တဲ့ လက်စတာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ဟာ အရှုံးအနိုင်အဖြေမပေါ်ပဲ သရေလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဘက်မှာ ဒဏ်ရာရနေခဲ့တဲ့ နောက်ခံလူကိုစီရယ်နီ ပြန်လည်ပါဝင်လာခဲ့ပြီး ရှေ့တန်းမှာ ဆန်းချက်ဇ်၊ ချိန်ဘာလိန်၊ ကာဇိုလာတို့ကို ထားကစားခဲ့ပါတယ်။ လက်စတာဘက်က ဗာဒီ၊ အိုကာဇာကီတို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့တာပါ။ လက်စတာက ပထမဆုံးပွဲစဉ်လူစာရင်းကို ကစားသမား လေးဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

play

 

နှစ်သင်းလုံးရဲ့ တိုက်စစ်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အာဆင်နယ်အသင်းဘက်က လက်စတာဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်သာ ရှိခဲ့ပြီး လက်စတာဘက်ကတော့ လုံးဝမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်ဘက်က ချိန်ဘာလိန်ကို ထုတ်ပြီး ဂျီရော့ဒ်ကို ထည့်သွင်းခဲ့ပေမယ့် ထင်သလောက် ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

play

 

ပွဲပြီးခါနီးမှာ နှစ်သင်းလုံး ဂိုးမပေးရဖို့အရေး ထိန်းကစားသွားလို့ ပွဲဟာ  ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းနဲ့ ဒုတိယရခဲ့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်-၂ ပြီးချိန်အထိ နိုင်ပွဲမရသေးပဲ ဖြစ်ခဲ့ပါတယ်။

play

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video