EPL: လီဗာပူးအသင်းရှယ်ယာများကို တရုတ်လုပ်ငန်းစုက ဝယ်ယူရန် စိတ်ဝင်စားနေ

လီဗာပူးဟာ Deloitte ရဲ့ Football Money League စာရင်းအရ နဝမမြောက် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်း ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းအုပ်စုတစ်ခုက အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စား ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ Financial Times သတင်းရဲ့ ဖော်ပြမှုအရ တရုတ်အစိုးရပိုင်ကုမ္ပဏီ Everbright နဲ့ ပုဂ္ဂလိက ကုမ္ပဏီ PCP Capital Partners တို့က လီဗာပူးအသင်းရှယ်ယာတွေကို ဝယ်ယူရန်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

play


ဒါပေမဲ့ လီဗာပူးအသင်းကို ပိုင်ဆိုင်ထားတဲ့ Fenway Sports Group ကတော့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး အတည်ပြု ပြောကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီ Fenway က လီဗာပူးအသင်းကို ၂၀၁၀ ခုနှစ်အတွင်း ပေါင်စတာလင် သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

play


လီဗာပူးအသင်းကို ပေါင်စတာလင် သန်း ၇၀၀ ကျော်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားကြောင်းလည်း သတင်းအချို့က ဆိုပါတယ်။ လတ်တလော နှစ်များအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ နယ်သာလန်နဲ့ ချက်ရီပတ်ဘလစ်တို့မှ ဘောလုံးကလပ်အသင်းတွေကို ဝယ်ယူမှုတွေ ဆက်တိုက်ဆိုသလို ရှိလာခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း ဘောလုံးပွဲတွေကို နှစ်သက်အားပေးတတ်သူလို့ ဆိုပါတယ်။ လီဗာပူးဟာ Deloitte ရဲ့ Football Money League စာရင်းအရ နဝမမြောက် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်းဖြစ်ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ပေါင်စတာလင် ၃၃၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ