EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား (၁၁) ဦး

ပရီးမီးယားလိဂ် ပွဲစဉ်-၂ရဲ့ အကောင်းဆုံး အသင်းကို ရွေးချယ်ဖော်ပြထားပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ်-၂ ပြီးဆုံးသွားချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ မန်ချက်စတာနှစ်သင်းဖြစ်ပါတယ်။ ရာသီအစ ပြင်ဆင်မှုမကောင်းလို့ တန်းဆင်းရမယ်လို့ အများကတွက်ဆထားတဲ့ ဟားလ်စီးတီးကလည်း အံ့သြစရာကောင်းလောက်အောင် နှစ်ပွဲကစား ခြောက်မှတ်ရှိထားပြီး တတိယနေရာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်-၂ အပြီးအကောင်းဆုံး ကစားသမား ၁၁ ယောက်ကို ESPN သတင်းဌာနက အခုလို ဖော်ပြလိုက်ပါတယ်။

တွမ်ဟီတန် (ဂိုး)

play

 

လီဗာပူးကို ဟားလ်စီးတီးက အနိုင်ရတဲ့ပွဲမှာ ဂိုးမပေးရအောင် အကောင်းဆုံး ကြိုးစားနိုင်ခဲ့သူပါ။

ဗလန်စီယာ (နောက်တန်း)

ဆောက်သမ်တန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူညာနောက်ခံမှာ ကစားသွားတဲ့ ဗလန်စီယာကို မော်ရင်ဟိုလည်း ထုတ်ပြီး ချီးကျူးခဲ့ပါသေးတယ်။

ဒေးဗီးစ် (နောက်တန်း)

ဟားလ်စီးတီးက ဆွမ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြခဲ့သူပါ။

အော့တာမန်ဒီ (နောက်တန်း)

နောက်တန်းကစားသမားဖြစ်ပေမဲ့ မန်စီးတီးက စတုတ်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီတွေရအောင် ကြိုးစားပေးနိုင်ခဲ့သူဖြစ်ပြီး ဂိုးပေါက်လည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဗန်အန်ဟော့လ် (ဆန်းဒါးလန်း)

play

 

ဆန်းဒါးလန်းက မစ်ဒယ်ဘရော့ခ်ျကို ရှုံးခဲ့ပေမဲ့ နောက်ခံလူ ဗန်အန်ဟော့လ်က  နှစ်သိမ့်ချေပဂိုးတော့ သွင်းနိုင်ခဲ့ပါသေတးယ်။

ဖာဘရီဂတ်စ် (အလယ်တန်း)

ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်မရခဲ့ပေမဲ့ ချယ်လ်ဆီးရှုံးနေတဲ့အချိန်မှာ ဖာဘရီဂတ်စ်ဝင်လာပြီးတဲ့နောက် ဂိုးတွေဖန်တီးပေးနိုင်ခဲ့လို့ နိုင်ပွဲရခဲ့ပါတယ်။

ဖော်ရှိုး ( အလယ်တန်း)

မစ်ဒယ်ဘရော့ရခဲ့တဲ့ နိုင်ပွဲမှာ ဖော်ရှိုးရဲ့ စွမ်းရည်က အဓိက ကျခဲ့ပါတယ်။

ဝမ်ယာမာ (အလယ်တန်း)

play

 

စပါးအသင်း ကစားသမားသစ် ဝမ်ယာမာကတော့ ဝှိုက်ဟတ်လိန်းပွဲဦးထွက်မှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အန်ဒရေဂရေး (တိုက်စစ်)

ဂရေးက တစ်ဂိုးဖန်တီးပေးပြီး တစ်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဟားလ်စီးတီးရဲ့နိုင်ပွဲမှာ အမှတ်ပြည့်ပေးရမယ့်သူပါ။

အီဗရာဟီမိုဗစ်ခ်ျ (တိုက်စစ်)

play

 

မန်ယူအသင်းအတွက် ပင်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျလည်း အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

အဂူရို (တိုက်စစ်)

အဂူရိုက ပင်နယ်တီ နှစ်ကြိမ်တောင် လွဲခဲ့ပေမဲ့ ဟက်ထရစ်ပြန်သွင်းပြီး အသင်းကို နိုင်ပွဲယူခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ