EPL: အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်ရသည့် အချက်ကို ဗီအဲရာ ထုတ်ပြော

အာဆင်နယ်အသင်းဟာ ချန်ပီယံဖြစ်ဖို့အတွက် အားနည်းလွန်းတယ်လို့ ဗီအဲရာက ဆိုပါတယ်။

play

 

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းက အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့အတွက် အင်အားပျော့လွန်းတဲ့ အသင်းဖြစ်နေကြောင်း အသင်းကစားသမားဟောင်း ဗီအဲရာက ဝေဖန်လိုက်ပါတယ်။

play

 

နည်းပြအာစင်ဝင်းဂါးရဲ့ ကစားသမားတွေဟာ ပြိုင်ဘက်အသင်းတွေကို အမှတ်ပေးဖလားအတွက် ယှဉ်နိုင်လောက်တဲ့ ပုံစံမှာ မရှိဘူးလို့ အဆိုပါအသင်းခေါင်းဆောင်ဟောင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိအာဆင်နယ်အသင်းရဲ့ ကစားသမားတွေဟာ ကြံ့ခိုင်ရေးပိုင်းမှာ အားနည်းနေတာ ဖြစ်တယ်လို့ ဗီအဲရာက သုံးသပ်ထားပါတယ်။

play

 

အာဆင်နယ်အသင်း နောက်ဆုံး ပရီးမီးယားလိဂ် ဖလားရခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ဗီအဲရာက အသင်းခေါင်းဆောင် ဖြစ်ခဲ့ပြီး အဲဒီနှစ်မှာ ရှုံးပွဲမရှိစံချိန်လည်း ရခဲ့ပါတယ်။ " အခု အသင်းသားတွေက ကြံ့ခိုင်ရေးပိုင်းမှာ အားနည်းတယ်ဗျ။ ကျွန်တော်တို့ ခေတ်တုန်းဆိုရင် အသင်းမှာ ကြံ့ခိုင်မှု အားကောင်းတဲ့ ကစားသမားတစ်ချို့ ရှိခဲ့တယ်။ အခု အာဆင်နယ်အသင်းမှာ ဒီလိုအပ်ချက် ရှိနေတယ်ထင်ပါတယ်" လို့ အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ