EPL: ဘာစီလိုနာ ဂိုးသမား ဘရာဗို ရက်ပိုင်းအတွင်း မန်စီးတီး ရောက်မည်

မန်စီးတီးအသင်းဘက်ကတော့ ဂျိုးဟတ်ကို ထွက်ခွာခွင့် ပေးထားပါတယ်။

play

 

စပိန်ကလပ် ဘာစီလိုနာအသင်းဂိုးသမား ဘရာဗိုဟာ မန်စီးတီးအသင်းကို လာမယ့်ကြာသပတေးနေ့မှာ ရောက်ရှိလာမယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

မန်စီးတီးအသင်း ပထမဂိုးသမားအဖြစ် ကာလကြာရှည်တည်မြဲခဲ့တဲ့ ဂျိုးဟတ်ကို နည်းပြဂွါဒီယိုလာက ထွက်ခွာခွင့် ပေးထားပြီးနောက် ဘာစီလိုနာအသင်းဂိုးသမား ဘရာဗိုကို ခေါ်ယူဖို့ ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ ဘာစီလိုနာအသင်းက အေဂျက်အသင်းဂိုးသမား စီလက်ဆန်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘရာဗိုကို မန်စီးတီးထံ ရောင်းချဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။

play

 

ဘရာဗိုဟာ ၂၀၁၄ ခုနှစ်မှာ ဆိုစီဒက်အသင်းက ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာအသင်းရဲ့ ပထမဂိုးသမားနေရာကို ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ မန်စီးတီးရောက်လာခဲ့ရင်တော့ နည်းပြဂွါဒီယိုလာက ပထမဂိုးသမား နေရာပို ပေးဖွယ် ရှိပါတယ်။

ှSource : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ