EPL: အာစင်ဝင်းဂါးကို မကျေနပ်ဖြစ်သဖြင့် အသင်းဝန်ထမ်းတစ်ဦး အလုပ်မှ နုတ်ထွက်

သူ့ရဲ့လုပ်အားခဟာ အာဆင်နယ်အသင်း ကစားသမားသစ်ဝယ်ယူခွင့် ရနိုင်ဖို့အတွက် အထောက်အကူ ဖြစ်ပါစေလို့ စာထဲမှာ ရေးသားဖော်ပြထားပါတယ်။

play

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးရဲ့ ကစားသမားသစ် ဝယ်ယူတဲ့ ပုံစံကို မနှစ်သက်တဲ့အတွက် ရာထူးက နုတ်ထွက်သွားကြောင်း သိရပါတယ်။ အမည်မသိရသေးတဲ့ အဆိုပါ အာဆင်နယ်အသင်း ဝန်ထမ်းရဲ့ နုတ်ထွက်စာဟာလည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့လျှက်ရှိပါတယ်။

play

 

သူဟာ အာဆင်နယ်အသင်း စတိုးဆိုင်က ဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက အာဆင်နယ်အသင်း အမာခံ ပရိသတ်တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်စတိုးဆိုင်မန်နေဂျာ ဂျေဆင်ဆာဗေ့ဂ်ျထံ လိပ်မူပြီး စာတင်ခဲ့တဲ့ အဆိုပါဝန်ထမ်းရဲ့ စာထဲမှာ ရေးသားချက်အရ သူမရှိတော့တဲ့နောက် သူ့ကိုအသင်းက ပေးချေနေရတဲ့ လစာတွေဟာ နည်းပြအာစင်ဝင်းဂါး ကစားသမားသစ်ဝယ်ယူဖို့ အထောက်ကူပြုစေရန် မျှော်လင့်ကြောင်းလည်း ပါရှိခဲ့ပါတယ်။

နုတ်ထွက်စာထဲမှာ အဆိုပါဝန်ထမ်း ရေးသားထားမှုအရ သူဟာ စတိုးဆိုင်ဝန်ထမ်းဖြစ်ပြီး လုပ်အားခ တစ်နာရီကို ၇.၂၀ ပေါင်ရရှိကြောင်း၊ တစ်ပတ်ကို ၃၇.၅ နာရီ အလုပ်လုပ်ရကြောင်းနဲ့ ဒီလုပ်အားခဟာ တစ်နှစ်ကို ၁၄၀၄၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ တစ်နှစ်ဝင်ငွေဟာ အာဆင်နယ်ကစားသမား ဝဲလ်ကော့ရဲ့ တစ်ပတ်လုပ်ခ ဆယ်ပုံပုံရင်တစ်ပုံသာ ရှိတယ်လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။

play

 

နည်းပြ အာစင်ဝင်းဂါးက လက်စတာကို သရေကျတဲ့ပွဲအပြီးမှာ ကစားသမားဝယ်ဖို့ ငွေကြေးသုံးစွဲနိုင်ခွင့်နဲ့ ပတ်သတ်ပြီး အသင်းမှာ  အသင်းဝန်ထမ်း ၆၀၀ ထားရှိမှုကို ဆက်စပ်ပြောကြားခဲ့ပြီးနောက်ပိုင်း အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ