EPL: ရုတ်တရက်ကြည့်ရင် ခွဲမရအောင်တူတဲ့ ကော်စတာတို့ ညီအစ်ကိုဓာတ်ပုံ

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်သူက ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာမှန်း မသိနိုင်ပါဘူး။

play

 

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ သူနဲ့ ညီအစ်ကိုတော်စပ်သူ ဂျဲရ်ကော်စတာနဲ့ ရိုက်ကူးလိုက်တဲ့ ဆယ်လ်ဖီဓာတ်ပုံကြောင့် ပရိသတ်တွေဟာ ဘယ်သူက ကော်စတာမှန်း ရုတ်တရက် ခွဲမရအောင် ဖြစ်သွားခဲ့ကြပါတယ်။

play

 

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဝက်ဖို့ဒ်အသင်းပွဲစဉ်ပြီးတဲ့နောက်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ကော်စတာ ညီအစ်ကိုဖြစ်သူ ဂျဲရ်ကော်စတာ၊ သူငယ်ချင်းဖြစ်သူ ဟင်းနရစ်ကာဗယ်ဟိုတို့နဲ့ အတူတွေ့ဆုံရင်း အချိန်ဖြုန်းခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ဒီယေဂိုကော်စတာနဲ့ သူ့ရဲ့ညီအစ်ကိုဖြစ်သူ ဂျဲရ်ကော်စတာကို ရုတ်ရက် ခွဲလို့မရပေမယ့် သေချာကြည့်ရင်တော့ ခွဲလို့ရမှာဖြစ်ပါတယ်။ ဒီယေဂိုကော်စတာက ဝက်ဖို့ဒ်နဲ့ပွဲထွက်ခဲ့စဉ်မှာ မုတ်ဆိတ်၊ ပါးသိုင်းမွှေးများစွာ ပေါက်နေခဲ့ပါတယ်။ ဒီပုံထဲမှာတော့ ကော်စတာနှစ်ယောက်လုံးမှာ တစ်ယောက်က ပါးသိုင်းမွှေး ခပ်ပါးပါး၊ တစ်ယောက်က လုံးဝမရှိပဲ ရိတ်ထားတာ တွေ့ရပါတယ်။

play

 

ဒါကြောင့် မုတ်ဆိတ်မွှေးလုံးဝမရှိသူဟာ ဒီယေဂိုကော်စတာဖြစ်မယ်လို့ ပရိသတ်တွေက အလွယ်တကူ ကောက်ချက်ချနိုင်တာ ဖြစ်ပါတယ်။ ကော်စတာက ချယ်လ်ဆီးအတွက် ပွဲဦးထွက်နှစ်ပွဲမှာ အနိုင်ဂိုးတွေ သွင်းပေးထားသူလည်းဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ