play

 

အာဆင်နယ်အသင်း မန်နေဂျာအဖြစ်က အနားယူတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေမှာ စိုးရိမ်မိတဲ့အတွက် အသင်းကိုစွန့်ခွာပြီး အနားယူဖို့နေ့ရက်ကို ကြောက်နေမိတယ်လို့ အာစင်ဝင်းဂါးက ပြောကြားလိုက်က်ပါတယ်။

play

 

အင်္ဂလန်ဘောလုံးလောကနည်းပြဟောင်း တစ်ဦးဖြစ်တဲ့ အလန်ကာဘစ်ရှ်လေ ရေးသားထားတဲ့ စာအုပ်ထဲမှာ အာစင်ဝင်းဂါးက နည်းပြဘဝက အနားယူရမယ့်ကြောက်ရွံ့မှုကို ဝန်ခံထားတာဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြဘဝမှာ ၂၇ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲလက်စ်ဖာဂူဆန်က ဘောလုံးကွင်းကို ရုတ်တရက်ကျောခိုင်းသွားတာမျိုး လုပ်နိုင်ခဲ့တာ သူအံ့သြမိတယ်လို့ အာစင်ဝင်းဂါးက ပြောကြားထားတာပါ။

နောက်တစ်ချက်ကတော့ နေ့စဉ် ကစားပွဲတွေအကြောင်း စဉ်းစားရင်း အချိန်တွေများစွာ ကျော်ဖြတ်ခဲ့ပေမဲ့ အနားယူတဲ့အခါ ဘာလုပ်ရမှန်းမသိတဲ့ ဘဝဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ အာစင်ဝင်းဂါးက ဝန်ခံထားကြောင်း အဲဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

play

 

" ဘောလုံးက ကျွန်တော့်ဘဝလို ဖြစ်ခဲ့တာလေ။ အဆုံးသတ်ရမယ့် နေ့ရောက်လာမှာကိုကြောက်မိတယ်။ တစ်ဘဝလုံးမှာ နောက်တစ်ပွဲ ဘယ်လိုနိုင်အောင်ကစားမလဲ စဉ်းစားရင်း အချိန်ကုန်လာပြီးတဲ့နောက် ဒီအလုပ်မလုပ်တော့တဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ဖာဂူဆန်ကတော့ သူဒီလိုမဖြစ်ဘူးလို့ ကျွန်တော့်ကို ပြောခဲ့တယ်" လို့ အာစင်ဝင်းဂါးက ဝန်ခံထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video