EPL: ချယ်လ်ဆီး နဲ့ လက်စတာတွေ့ဆုံနေပြီး မန်ယူနဲ့ လီဗာပူး သတိထားရမယ့် လိဂ်ဖလား တတိယအဆင့် ပွဲစဉ်များ

လီဗာပူးကတော့ ဒါဘီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

play

 

EFL ဖလား သို့မဟုတ် လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်တွေ မဲနှိုက်ရေးဆွဲပြီးတဲ့နောက် မန်ယူအသင်းက အသင်းငယ် နောက်သမ်တန်တောင်း အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မော်ရင်ဟိုက မန်ယူနည်းပြဘဝက ပထမဆုံး လိဂ်ဖလားပွဲစဉ်ကို အဝေးကွင်းမှာ သွားကစားရမှာပါ။

play

 

အာဆင်နယ်အသင်းကတော နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးအသင်းက ဒါဘီကောင်တီအသင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဆွမ်ဆီးအသင်းနဲ့ ပြန်တွေ့ရမှာ ဖြစ်ပြီး ချယ်လ်ဆီးကလည်း ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာနဲ့ တွေ့ရမှာဖြစ်ပါတယ်။

play

 

EFL လိဂ်ဖလား ပွဲစဉ်များ

နော်တင်ဟမ် ဖော်ရက်စ် - အာဆင်နယ်

လိဒ် - ဘလက်ဘန်း

ကျူပီအာ - ဆန်းဒါးလန်း

ဝက်စ်ဟမ်း - အက္ကရင်တန်

ဆောက်သမ်တန် - ခရစ္စတယ်ပဲလေ့စ်

ဆွမ်ဆီး - မန်စီးတီး

ဖူလ်ဟမ် - ဘရစ္စတိုး

ဘုန်းမောက် - ပရက်စ်တန်

စပါး - ဂီလင်ဂန်

အဲဗာတန် - နောဝှစ်ခ်ျ

ဒါဘီ - လီဗာပူး

နော်သမ်တန် - မန်ယူ

ဘရိုက်တန် - ရီးဒင်း

လက်စတာ - ချယ်လ်ဆီး

နယူးကာဆယ် - ဝုလ်ဖ်

စတုတ်စီးတီး - ဟားလ်စီးတီး

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ