EPL: ပရီးမီးယားလိဂ်က အရပ်အပုဆုံးအသင်းနဲ့ အရပ်အရှည်ဆုံး အသင်း

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားတာ အရပ်အပုဆုံး အသင်းပါ။

play

 

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ရလဒ်ကောင်းဖို့အတွက် အရပ်ပုတာ၊ ရှည်တာအပြင် ကိုယ်အလေးချိန် အနည်းများက အဓိကကျတဲ့ အချက်မဟုတ်ဘူးဆိုတာကို သက်သေပြတဲ့ ရလဒ်တစ်ခု ထွက်လာပါတယ်။

play

 

လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ်-၂ အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံး အသင်းဖြစ်နေပါတယ်။ဒါတင်မဟုတ်ပဲ ကိုယ်အလေးချိန် အနည်းဆုံးအသင်းကလည်း မန်စီးတီးပါပဲ။ လက်ရှိခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးနဲ့ နည်းပြတိုနီပူးလစ္စတို့ကတော့ ဘောလုံးအသင်းမှာ အရပ်ရှည်တာ၊ ပုတာက အဓိက ကျတယ်လို့ ယူဆထားကြသူတွေပါ။

play

 

မန်ယူနည်းပြမော်ရင်ဟိုနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ကတော့ ဒါကို အဓိကကျတယ်လို့ မယူဆထားကြပါဘူး။ လက်ရှိ ပရီးမီးယားလိဂ်မှာ ပျှမ်းမျှ အရပ်အရှည်ဆုံးအသင်းက ဝက်စ်ဘရွန်းအသင်းဖြစ်ပါတယ်။ ဝက်စဘရွန်းအသင်းရဲ့ ကစားသမားတွေ ပျှမ်းမျှအရပ်ဟာ ၆ ပေ ၁ လက်မ ပျှမ်းမျှရှိပါတယ်။

play

 

ဒုတိယအရပ်အရှည်ဆုံးအသင်းက ခရစ္စတယ်ပဲလေ့စ်ဖြစ်ပြီး မစ်ဒယ်ဘရော့ရဲ့ ပျှမ်းမျှအရပ်ကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ မတိမ်းမယိမ်းဖြစ်ပါတယ်။

play

 

မန်ယူကတော့ စတုတ္ထအရပ်အရှည်ဆုံးအသင်းဖြစ်ပါတယ်။ ဒုတိယအရပ်အပုဆုံးအသင်းက ဘုန်းမောက်အသင်းဖြစ်ပြီး တတိယ အရပ်အပုဆုံးကတော့ အာဆင်နယ်အသင်းပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ